ကော်ဖီတစ်ခွက်မသောက်ဘဲ မနေနိုင်ဘူးလား။ မောပန်းနွမ်းနယ်ချိန်မှာ အားဖြည့်အချိန်ရည်လေးတွေ သောက်လိုက်ရမှလား။ ဒီလိုနည်းလမ်းတွေသုံးပြီး ကိုယ့်စိတ်ကိုလန်းဆန်းအောင်လုပ်ဖို့ ကြိုးစားနေစရာမလိုပါဘူး။ လက်တွေ့မှာ အမှန်တကယ်အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေကို သိထားလို့ အခုပဲဖော်ပြပေးလိုက်တယ်နော်။

၁။ သံပုရာသီးကိုက်လိုက်ပါ

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ကိုလန်းလန်းဆန်းဆန်းဖြစ်ဖို့အတွက် အချဉ်ဓာတ်က အကောင်းဆုံးနည်းလမ်းကောင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၂။ မျက်နှာကို ရေအေးနဲ့သစ်ပေးပါ

မျက်တောင်တွေက တဖြည်းဖြည်းနဲ့စင်းလာပြီဆိုရင် ရေအေးလက်တစ်ဆုပ်စာယူပြီး မျက်နှာသစ်ပေးပါ။ ကိုယ့်ကို လန်းလန်းဆန်းဆန်းဖြစ်သွားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။

နောက်နည်းလမ်းတစ်ခုက ရေခဲတုံးတွေထုပ်ထားသည့် အိတ်ကိုအအေးခံထားပြီး ငိုက်မြည်းလာပြီဆိုရင် ဂုတ်ပေါ်မှာတင်ပေးနိုင်ပါတယ်။

၃။ လက်ကောက်ဝတ်ပေါ်ရေအေးလောင်းပါ

မျက်နှာသစ်ပေးတာနဲ့ နည်းလမ်းတူပေမယ့် မိတ်ကပ်လိမ်းထားတာ မပျက်လိုသူများအတွက်တော့ လက်ကောက်ဝတ်ပေါ်ကို ရေအေးလောင်းပေးနိုင်ပါတယ်။

၄။ နားရွက်ကိုနှိပ်ပေးပါ

အိပ်ချင်မူးတူးဖြစ်နေချိန်မှာ နားပျဉ်းလေးကို နာနာဆိတ်ပေးတာ သို့မဟုတ် ဖိပေးတာက သင့်ကိုလုံးဝနိုးကြားသွားစေမှာပါ။

၅။ အားနဲ့သမ်းပါ

သမ်းပေးတာက ဦးနှောက်ကို အေးသွားစေမယ့် သဘာဝနည်းလမ်းတစ်ခုပါ။ ပင်ပန်းတဲ့အခါဖြစ်စေ၊ ပျင်းတဲ့အခါဖြစ်စေ ဦးနှောက်အပူချိန်က မြင့်တက်သွားသည့်အတွက် ၇ ကြိမ် မှ ၁၀ ကြိမ်အထိလောက် အားနဲ့သမ်းပေးခြင်းက ဦးနှောက်ကိုလန်းသွားစေမှာပါ။

၆။ တခုခုဝါးပေးပါ

ပူရှိမ်းအရသာရှိတဲ့ ပီကေလို တစုံတခုကိုဝါးပေးခြင်းက သင့်ကိုလန်းလန်းဆန်းဆန်းဖြစ်စေမှာပါ။ ဒါကြောင့် အိပ်ငိုက်တဲ့အချိန်၊ ပင်ပန်းတဲ့အချိန်တွေမှာ တခုခုကောက်ဝါးလိုက်ပါ။

၇။ ကြွက်သားတွေတင်းအောင်လုပ်ပေးပါ

စက္ကန့်သုံးဆယ်လောက် လေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးပြီး ခန္ဓာကိုယ်က ကြွက်သားတွေတင်းအောင်လုပ်ပေးခြင်းကလည်း ကော်ဖီတစ်ခွက်သောက်တာ ထက် ပိုပြီးအလုပ်လုပ်မှာပါ။

Credit: BrightSide