မျက်ကွင်းညိုတာ မျက်ကွင်းဖောင်းတာဟာ စိတ်ရှုပ်စရာကောင်းလှပါတယ်။

အထူးသဖြင့် အလှအပ ကြိုက်တဲ့ သူတွေအတွက်ဆို အနှောင့်ယှက်တစ်ုလိုပါပဲ။ အခုလို မျက်ကွင်းညိုတာဟာ အိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်သလို၊ ဟော်မုန်း၊ ရာသီဥတု၊ ကိုယ်စားသုံးတဲ့အစားအစာ၊ ရေများများမသောက်တာနဲ့ အလှကုန်ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်ကွင်းညိုတာကို ဖြေရှင်းရအောင်။

၁။ အေးတဲ့အရာနဲ့ ဖိပေးထားမယ်။

ရောင်ရမ်းမှုကို သက်သာစေတဲ့ အေးတဲ့အရာလေးတွေနဲ့မျက်လုံးကို အုပ်ပေးထားပါ။ တဘက်ကို ရေခဲရေနဲ့ စိမ်ပြီး မျက်လုံးမှာ အုပ်ပေးထားတာဟာလည်း မျက်ကွင်းညိုတာ၊ မျက်ကွင်းရောင်တာကို သက်သာစေပါတယ်။

၂။ လက်ဖက်အိတ်

လက်ဖက်အိတ်ကို ရေနွေးနဲ့ ၅ မိနစ်လောက်စိမ်ပြီး ပြန်ထုတ်လိုက်ပါ။ ပြီးရင် ရေခဲရေနဲ့ အေးအောင်ပြန်စိမ်လိုက်ပြီး မျက်ကွင်းနားမှာ ကပ်ပေးထားပါ။

၃။ သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးနှစ်ဖက်မှာ ကပ်ပေးထားမယ်ဆိုရင် မျက်ကွင်းညိုတာ၊ မျက်ကွင်းရောင်ရမ်းတာကို သက်သာစေမှာဖြစ်ပါတယ်။

၄။ အာလူး

အာလူးအစိမ်းကို ပါးပါးလှီးပြီး မျက်ကွင်းနားမှာ ကပ်ပေးထားမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာစေမှာဖြစ်ပါတယ်။

၅။ ဆိုဒီယမ်စားသုံးမှုကို လျှော့ချမယ်။

အငန်ဓာတ်တွေ၊ ဆိုဒီယမ်ဓာတ်စားသုံးမှုတွေကို လျှော့ချပေးမယ်ဆိုရင် မျက်ကွင်းညိုတာ၊ မျက်ကွင်းရောင်တာကို သက်သာစေမှာပါ။

၆။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်မှာ ဗီတာမင် E နဲ့ Antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ မျက်ကွင်းညိုတာ မျက်ကွင်းရောင်တာတွေကို သက်သာစေသလို အရေးကြောင်းတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။