ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုပြီးကြည့်ကောင်းလာစေဖို့အတွက် ကြွက်သားတွေလိုအပ်ပါတယ်နော်။ ဒီလိုမျိုးကြွက်သားတွေကို တည်ဆောက်ဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်ပေမယ့်လည်း အစားအသောက်ကိုလည်း ဂရုတစိုက်ရှိဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး ကြွက်သားတည်ဆောက်ရာမှာလည်း အထောက်အကူပြုစေမယ့် အစားအသောက်တွေက ဘယ်လိုအရာတွေဖြစ်မလဲဆိုတာကို ယခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ကြက်ဥများ

ကြက်ကာအကာတွင် ပရိုတင်း၊ ကယ်လ်စီယံ၊ ဇင့် နှင့် သံဓာတ်တို့ပါဝင်ပြီး ကြက်ဥအနှစ်တွင်တော့ ဗီတာမင်မျိုးစုံ၊ ဖောလစ်အက်စစ်တို့ ပေါင်းစပ်ပါဝင်ပါတယ်။

နေ့စဉ်နေ့တိုင်း ကြက်ဥတစ်လုံး သို့မဟုတ် နှစ်လုံးကို မှန်မှန်စားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ကာ ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူရမှာဖြစ်ပါတယ်။

၂။ ကြက်ရင်ပုံသား

Source: rastellimarket.com

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်စဉ် ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ပရိုတင်းအထူးကြွယ်ဝကာ ဗီတာမင် B6၊ သံဓာတ်နှင့် ဇင့်တို့လည်းပါဝင်ပါသေးတယ်။ ဒါကြောင့် ကြက်ရင်ပုံသားကို ကင်သည်ဖြစ်စေ၊ ဖုတ်သည်ဖြစ်စေ ကြိုက်နှစ်သက်ရာနည်းလမ်းနဲ့ စားသုံးနိုင်ပါတယ်။ သို့သော်လည်း အရေခွံတွေဖယ်ဖို့တော့မမေ့ပါနဲ့။

၃။ နွားနို့

လေ့ကျင့်ခန်းကြောင့် ကုန်ဆုံးသွားတဲ့ချွေးတွေကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ကူညီပေးပါတယ်။ သည့်အတွက် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း နို့တစ်ခွက်ကို သောက်သုံးပေးပါ။

၄။ ဆယ်လ်မွန်ငါး

ကြွက်သားတည်ဆောက်ရာမှာ အကောင်းဆုံးအစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဆီတွေလောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။ အခြားအစွမ်းသတ္တိများလည်း ကြွယ်ဝသည့်အတွက် တပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စားသုံးပေးပါ။

၅။ ပဲအမျိုးမျိုး

ကြွက်သားတည်ဆောက်ဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအစာများထဲမှာ ပဲတွေကိုလည်း ထည့်သွင်းပေးသင့်ပါတယ်။ ပရိုတင်း၊ ဖိုက်ဘာနှင့် Complex carbohydrates တို့မြင့်မားစွာပါဝင်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရာမှာ အချိန်ကြာကြာလိုအပ်တဲ့အားအင်တွေကို ဖြည့်တင်းပေးပါတယ်။

၆။ ဒေါက်ခွရွက်

သန်မာကျစ်လျစ်တဲ့ ကြွက်သားတွေကို တည်ဆောက်ဖို့အတွက် ဒေါက်ခွရွက်ကိုလည်း စားသုံးနိုင်ပါတယ်။ ကြွက်သားဖွံ့ဖြိုးမှုကို ၂၀ ရာခိုင်နှုန်း မြှင့်တင်ပေးတာကြောင့် ဖျော်ရည်ဖြစ်ဖြစ်၊ အသုပ်ဖြစ်ဖြစ်၊ ဆန်းဒဝှစ်ချ်ထဲညှပ်ပြီးတော့ဖြစ်ဖြစ် မျိုးစုံလုပ်စားနိုင်ပါတယ်။

၇။ ကန်စွန်းဥ

ဖိုက်ဘာ၊ ပိုတက်ဆီယမ်၊ ဗီတာမင်ဓာတ်တို့ ပါဝင်မှုအလွန်မြင့်မားတာကြောင့် ကြွက်သားတည်ဆောက်ရာမှာ အလွန်အထောက်အကူဖြစ်ပါတယ်။ အစာစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး အဆီလောင်ကျွမ်းစေကာ အစာခြေဖျက်မှုအားလည်း ကောင်းစေပါတယ်။

Credit: Top10HomeRemedies