အားလုံးပဲမဂ်လာပါနော်။ ကျွန်မတို့ခံစားနေရတဲ့ရောဂါဝေဒနာတွေကို ဆေးဝါးအကူအညီမယူပဲနဲ့ သဘာဝအသီးအနှံတွေစားသုံးပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်နော်။ ဒါကြောင့် ထောပတ်သီးကို တစ်နေ့တစ်လုံး စားသုံးပေးတာကလည်း  ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် တခြားကျန်းမာရေး အကျိုးကျေးဇူးများ ရရှိခံစားရမှာဖြစ်ပါတယ်။

ထောပတ်သီးမှာ ပရိုတင်းဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် K၊ ဗီတာမင် E၊ ဗီတာမင် C၊ ဗီတာမင် B၊ဖောလစ်အက်ဆစ်နဲ့ တခြား ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေတာပါ။ ထောပတ်သီးမှာ ကစီဓါတ်ပါဝင်လို့ တချို့လူတွေက ဝိတ်တက်မှာစိုးရိမ်ပြီး မစားသုံးကြပေမဲ့ ထောပတ်သီးမှာပါဝင်တဲ့ ကစီဓါတ်က ကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုလည်းများစွာအထောက်အကူပြုစေတဲ့အတွက်ကြောင့် ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ဆီးချို

ထောပတ်သီးဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုနှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်ပါဝင်မှုနှုန်းကို တည်ငြိမ်စေပြီး ဆီးချိုရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးရာမှာ အရေးပါလှပါတယ်။

တနေ့ကို ထောပတ်သီး တစ်ဝက်လောက်စားသုံးပေးသင့်ပါတယ်။

၂။ ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း

Source; Brightside

ပန်းနာရင်ကျပ်တာ ၊ ဓါတ်မတည့်တာ ၊ အဆစ်အမြစ်ရောင်ရမ်းတာ တွေကိုသက်သာစေတဲ့အပြင် ယနေ့ခေတ်မှာ အဖြစ်များတဲ့ အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာတွေကို သက်သာပျောက်ကင်းစေပါတယ်။

၃။ အသားအရေနှင့် ဆံကေသာအလှ

ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံကေသာကို အမြန်ဆုံးကုသပေနိုင်မယ့် သဘာဝနည်းလမ်းလေးတွေ

ထောပတ်သီးမှာ ဗီတာမင် E ပါဝင်လို့ အသားအရေကိုချောမွတ်စေပြီး ဆံသားတွေကို သောက်ပြောင်စေပါတယ်။ အသီးတစ်လုံးမှာ ဗီတာမင် E ၂၀ % ပါဝင်ပြီး ခန္တာကိုယ်အတွင်း သစ်ရှုးတွေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ဈေးကြီးတဲ့ ဗီတာမင် E တွေဝယ်ယူစားသုံးမဲ့အစား ထောပတ်သီးကို စားတာ ဒါမှမဟုတ် ထောပတ်ဆီကိုစားတာဟာ အသက်အရွယ်အိုမင်းရင့်ရောက်မှုကို တားဆီးပေးနိုင်ပါတယ်။

၄။ အရိုးများကို သန်မာစေခြင်း

ထောပတ်သီးမှာ အရိုးတွေကို သန်မာစေတဲ့ဗီတာမင် K ၊ Copper (ကြေးနီ) ဓါတ်တွေပါဝင်ပါတယ်။ လေ့လာမှုတွေအရ ထောပတ်သီးကိုစားသုံးပေးတာဟာ အရွယ်မရွေး အမျိုးသားအမျိုးသမီးမရွေး အားလုံးရဲ့ အရိုးတွေကို သန်မာစေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

၅။ အစာချေဖျက်မှု

ထောပတ်သီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တာကြာင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။

၆။ ဦးနှောက်စွမ်းရည်

Copper ဂုဏ်သတ္တိ်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ထောပတ်သီးမှာလည်း Copper ဓါတ်ကြွယ်ဝစွာပါဝင်လို့ ဦးနှောက်အတွက် အစားအစာတစ်ခုအဖြစ် အသုံးပြုကြပါတယ်။

၇။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

ထောပတ်သီးမှာ ဗီတာမင် B ကို အခြေခံပြုလုပ်ထားတာကြောင့် ဖျားနာတာနဲ့ ရောဂါပိုးမွှားအလွယ်တကူဝင်ရောက်မှုကို ကူညီပေးပါတယ်။ ဒါ့အပြင် ဗီတာမင် Cနဲ့ E စတဲ့ဂုဏ်သတ္တိတွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။