ကိုယ်အလေးချိန်လွန်ကဲမှုပြဿနာနဲ့ပတ်သက်ပြီး လူအများမှာ မကြာခဏပြဿနာဖြစ်နေရပါတယ်။ အဝလွန်ခြင်း၊ အိပ်မပျော်ခြင်း၊ အခြားအိပ်စက်မှုဆိုင်ရာ ပြဿနာတွေအကုန်လုံးဟာ ကိုယ်အလေးချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကိုယ့်အတွက် ကောင်းကျိုးလုံးဝမပေးနိုင်တဲ့ အဆီပိုတွေကို ဖယ်ရှားဖို့အတွက် ယခုဖော်ပြပေးမယ့် ဖျော်ရည်တွေကို ညအိပ်ရာမဝင်ခင် သောက်သုံးပေးပါ။

နို့

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက် သောက်သုံးပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။ အဆီပိုတွေကို ကြွက်သားများအဖြစ် ပြောင်းလဲဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး Casein ပရိုတင်းပါဝင်မှုနည်းပါးတာကြောင့် အစာခြေဖျက်ခြင်းကို နှေးကွေးစေပါတယ်။

စပျစ်သီးဖျော်ရည်

စပျစ်သီးတွင်ပါဝင်သည့် Antioxidant တစ်မျိုးက ကယ်လိုရီစုပေါင်းပြီး ဖြစ်ပေါ်လာသည့် အဆီများကို လောင်ကျွမ်းစေတာကြောင့် ညအိပ်ရာမဝင်ခင် သောက်သုံးပေးပါ။

ချယ်ရီရှားစောင်းဖျော်ရည်

ချယ်ရီသီးဖျော်ရည်သည် အိပ်စက်မှုကိုမြှင့်တင်နိုင်သည့် Melatonin ပမာဏကို တိုးမြင့်စေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်တွင်လည်း အားကောင်းသော ဗီတာမင်၊ အန်ဇိုင်း၊ သတ္တုဓာတ်များ စတာတွေပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျဖို့ကို ကူညီပေးနိုင်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ ဖျော်ရည်များကို ညအိပ်ရာမဝင်ခင် သောက်သုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျဆင်းစေရုံသာမက ညဖက်များတွင်လည်း ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်မှာဖြစ်ပါတယ်။

Source: www.providr.com