သင်အိပ်တဲ့ ပုံစံက သင်ထင်ထားတာထက် ကျန်းမာရေးကို အများကြီး ထိခိုက်နိုင်ပါတယ်။ အိပ်စက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး နောက်နေ့တစ်နေ့ စတင်ဖို့ခွန်အားတွေ ရရှိအောင် လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် သင်အိပ်တဲ့ပုံစံအပေါ်မူတည်ပြီး နောက်နေ့အတွက် ခွန်အားဖြစ်မလား၊ ပင်ပန်းနေမလားဆိုတာလည်း မူတည်နေပါတယ်။

အိပ်တဲ့ ပုံစံက ကျန်းမာရေးကို ဘယ်လို ထိခိုက်နေလဲ

မှောက်လျက်အိပ်တဲ့ပုံစံ

ညဘက် မှောက်လျက်အိပ်တဲ့ပုံစံက ကျန်းမာရေးအတွက် အဆိုးရွားဆုံး ပုံစံဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာဆိုရင် အသက်သေဆုံးနိုင်ပါတယ်။

ပလက်အိပ်တဲ့ ပုံစံ

ပလက်အိပ်တဲ့ ပုံစံက နောက်ကြောတက်တာတို့ အသက်ရှူလမ်းကြောင်း ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ဘေးတစ်စောင်းအိပ်တာ ကျန်းမာရေးအတွက်ကောင်းလဲ

Neuroscience ဂျာနယ်က သုတေသနတစ်ခုကို ရေးသားဖော်ပြခဲ့ပါတယ်။ ဘေးတစ်စောင်းအိပ်ရင် ဦးနှောက်ထဲက မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ်တကူ စွန့်ထုတ်နိုင်ပြီး အယ်ဇိုင်းမားလို ဦးနှောက် ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ဘယ်ဘက်ကို စောင်းအိပ်သင့်သလဲ

ဆရာဝန်တော်တော်များများကတော့ ကိုယ်ဝန်ဆောင်တွေကို ဘယ်ဘက်အခြမ်းကို စောင်းအိပ်ခိုင်းပါတယ်။

အဲ့ဒီ အနေအထားက နှလုံး၊ သားအိမ်၊ သန္ဓေသား၊ ကျောက်ကပ်တို့ကို သွေး စီးဆင်းမှုကို တိုးတက်စေပြီး အဆုတ်ကို ဖိအားလျော့စေပါတယ်။

ဘယ်ဘက်အခြမ်းကို စောင်းအိပ်ရင် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်ပါတယ်။

မှတ်ချက်

နှလုံးရောဂါရှိသူတွေကတော့ ဘယ်ဘက်အခြမ်းမှာ ပြောင်းအိပ်မယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။