ဆံပင်ရှည်တာ နှေးလို့စိတ်ညစ်နေလား။ စိတ်မရှည်လို့ ဆံပင်တွေညှပ်ညှပ်ပစ်တာနဲ့ ရှည်ကိုမလာနိုင်တော့ဘူးဆိုပြီး စိတ်ညစ်နေကြတဲ့ ပျိုမေတို့အတွက် ငွေကြေးသိပ်အကုန်ကျခံစရာမလိုဘဲ ဆံပင်ရှည်အောင်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်သွန်နီ ၁ လုံး

ကြက်သွန်ဖြူ ၅ စိတ်

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ဇီယာစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Green Tea စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

ဖျော်စကတစ်ခုထဲကို ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူ ၅ စိတ်၊ ဇီယာစေ့တွေကို ထည့်ပြီး ဖျော်စက်ကို မွေလိုက်ပါ။ ခွက်တစ်လုံးထဲကို ထည့်လိုက်ပြီး သံလွင်ဆီနဲ့ Green Tea အရည်ထည့်ပါ။ ပြီးရင်သေချာမွှေလိုက်ပါ။ သုံးလို့ရပါပြီ။

ပြီးရင် ဦးရေပြားပေါ်ကနေ ဆံဖျားထိသေချာနံ့စပ်အောင်လိမ်းပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ချပါ။ ပေါင်းဆေးလည်းသုံးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပေးပါ။ ဆံပင်တွေ အရှည်မြန်လာတာ လက်တွေ့ခံစားရမှာဖြစ်ပါတယ်။