ရုပ်ရေချောမောလှပနေဖို့ဆိုတာ လူတိုင်းအတွက်အရေးကြီးတဲ့ အရာတော့မဟုတ်ပါဘူး။ လူတစ်ယောက်မှာ လှပတဲ့အပြုံးမျိုးကို ပိုင်ဆိုင်ထား ရမယ်ဆိုရင် ဘယ်အချိန်မှာပဲကြည့်ကြည့် ချစ်စရာကောင်းပြီး လှပနေမှာပါ။ လူတစ်ယောက်အတွက် လှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားရဖို့က အရေးကြီးတယ် ဆိုပေမယ့် တစ်ချို့တွေကတော့ ဒီလိုမျိုးအပြုံးလှလှလေးတွေကို ပျက်စီးသွားစေမယ့် အပြုအမူတွေကို မသိပဲလုပ်မိနေတတ်ကြပါတယ်။

ဆေးလိပ်သောက်ခြင်း

လူငယ်တွေတော်တော်များများပြုလုပ်နေကြတဲ့အရာတစ်ခုပေါ့။ အခုနောက်ပိုင်းမှာဆိုရင်လည်း မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါ ဆေးလိပ်ကိုသောက်သုံးလာတာများပါတယ်။ လူငယ်သဘာဝလုပ်ဖြစ်သွားတာမျိုးတွေက ရှိတတ်တယ်ဆိုပေမယ့် ဆိုးကျိုးလေးတွေကိုလည်း သိထားဖို့ကလိုအပ်သေးတယ်လေ။ ဆေးလိပ်ကိုကြာရှည်စွာသောက်တဲ့သူတွေမှာ ခံတွင်းနဲ့ပတ်သက်တဲ့ကင်ဆာ၊ ခံတွင်းနံ့ဆိုးတာတွေအပြင် ဖြူဖွေးပြီးတော့လှပတဲ့ သွားတွေကိုဆုံးရှုံးလိုက်ရမှာပဲဖြစ်ပါတယ်။

Soda တွေသောက်သုံးခြင်း

လူတိုင်းကြိုက်နှစ်သက်ကြတဲ့ အချိုရည်တွေကလည်း သွားတွေကိုပျက်စီးစေနိုင်တာကြောင့် အပြုံးတွေကိုဖျက်စီးပစ်နိုင်တဲ့အရာတွေထဲမှာ သူလည်းပါဝင်နေပါတယ်။ Soda တွေသောက်တာက သွားမှာအစွန်းအထင်းတွေဖြစ်စေနိုင်တဲ့အပြင် ပါဝင်နေတဲ့သကြားဓာတ်တွေက သွားမှာကျန်နေခဲ့ပြီး သွားပိုးစားတာတွေထိဖြစ်လာနိုင်ပါတယ်။

ရေခဲစားတတ်တဲ့အကျင့်

တစ်ချို့လူတွေမှာ ဒီလိုအကျင့်မျိုးတွေကို တွေ့ရလေ့ရှိပါတယ်။ အဲဒါကတော့ ရေခဲတွေကို တကျွတ်ကျွတ်နဲ့ကိုက်စားနေတာပါပဲ။ သူတို့အတွက်တော့အကြိုက်တွေ့စေပေမယ့် သွားတွေအတွက်တော့ ထိခိုက်မှုအရမ်းများပါတယ်။ မာနေတဲ့ရေခဲတွေကို ခဏခဏကိုက်စားတာကြောင့် သွားတွေမခိုင်တော့တာမျိုး၊ ပျက်စီးတာမျိုးတွေအထိ ဖြစ်လာစေနိုင်ပါတယ်။

သွားတွေကိုအရမ်းဖိတိုက်တာမျိုး

သွားတိုက်တဲ့အခါမှာ အားထည့်ပြီးတော့ ပြင်းပြင်းတိုက်တာမျိုးတွေကို ရှောင်ဖို့လိုပါတယ်။ ဒီလိုအပြုအမူမျိုးက သွားမှာရှိတဲ့ အပေါ်ယံကြွေလွှာတွေ ကိုပျက်စီးစေပြီး သွားတွေကိုလည်းမလှမပဖြစ်စေနိုင်ပါတယ်။

Photo Source: Shutterstock