လမ်းလျှောက်ခြင်းက လူသားတစ်ယောက်အတွက် အကောင်းဆုံးဆေးတစ်လက် ပါလို့ဆိုတဲ့ ဆောင်ပုဒ်တစ်ခုကို ကြားဖူးကြပါသလား။ လမ်းလျှောက်တဲ့အပြင်ကို အိပ်ရေးဝခြင်း၊ ကျန်းမာရေးနဲ့အညီစားသုံခြင်းတို့ကို မှန်မှန် ဒွန်တွဲပြီးလုပ်ဆောင်သွားမယ်ဆိုရင် ဆရာဝန်နဲ့တောင် သွားရောက်ပြသစရာ မလိုလောက်အောင် အစွမ်းထက်မှာပါ။

တနေ့ကို ၁၅ မိနစ် မှ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးခြင်းက လူတစ်ဦးရဲ့ ရုပ်လက္ခဏာအသွင်အပြင် အားလုံးကိုသာမက ကျန်းမာရေးကိုလည်း အံ့မခန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် လွယ်ကူသက်သာပြီး အနည်းငယ်အားစိုက်ထုတ်ပြီး လမ်းလျှောက်ပေးခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကောင်းမွန်တဲ့ ဦးနှောက်အတွင်းပြောင်းလဲမှုများ

လမ်းလျှောက်ခြင်းလိုမျိုး ပင်ပင်ပန်းပန်းမလုပ်ရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်ပေးခြင်းက အယ်လ်ဇိုင်းမားရောဂါ်ပေါ်ပေါက်လာနိုင်ခြေကို နည်းပါးစေပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း တိုးမြှင့်ပေးပါတယ်။

၂။ မျက်လုံးအားကောင်းစေခြင်း

မျက်လုံးတွေက ခြေထောက်တွေနဲ့ ဆက်နွယ်မှုအနည်းဆုံးလို့ ထင်ရပေမယ့် လမ်းလျှောက်ခြင်းက မျက်လုံးရှိဖိအားကို သက်သာစေပြီး ရေတိမ်ဖြစ်ပွားမှုကို ကူညီတိုက်ဖျက်ပေးနိုင်ပါတယ်။

၃။ နှလုံးရောဂါများကို ကာကွယ်ပေးခြင်း

ပြေးတာနဲ့အညီ အစွမ်းထက်တဲ့ လမ်းလျှောက်ခြင်းကလည်း နှလုံးဆိုင်ရာ ရောဂါဘယတွေကို သက်သာစေပြီး လေဖြတ်မှုကို ကာကွယ်ပေးပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုလက်စထရောပမာဏကို ကျဆင်းစေကာ သွေးလည်ပတ်မှုကို မြှင့်တင်ပေးပါတယ်။

၄။ အဆုတ်အားကောင်းစေခြင်း

လမ်းလျှောက်ခြင်းက သွေးအတွင်း အောက်စီဂျင်စီးဆင်းမှုကို တိုးမြှင့်ပေးပြီး အဆုတ်ကို ထိန်းကျောင်းပေးကာ အဆိပ်အတောက်များ၊ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။

၅။ ပန်ကရိယအပေါ် အကျိုးကျေးဇူးများစေခြင်း

ဆီးချိုရောဂါကို ဟန့်တားရာတွင် အပြေးလေ့ကျင့်ခန်းထက် လမ်းလျှောက်ခြင်းက ပိုမိုထိရောက်မှုရှိပါတယ်။

၆။ အစာခြေဖျက်အားကို တိုးမြှင့်ပေးခြင်း

တနေ့လျှင် နာရီဝက် လမ်းလျှောက်ပေးခြင်းက အူမကြီးကင်ဆာမှ ကာကွယ်ပေးရုံသာမက အစာခြေဖျက်အားကို တိုးမြှင့်ပေးပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

၇။ ကြွက်သားများကို တင်းရင်းစေခြင်း

ကိုယ်အလေးချိန်လျော့ကျလိုသူများ လမ်းလျှောက်ပေးပါ။ တနေ့လျှင် ခြေလှမ်းပေါင်း ၁ သောင်းကို လျှောက်လှမ်းပေးခြင်းက Gym မှာသွားပြီး ပုံမှန်အလုပ်လုပ်တာနဲ့ ညီမျှပါတယ်။

၈။ အရိုးအဆစ်သန်မာစေခြင်း

လမ်းလျှောက်ခြင်းက အဆစ်တည်ဆောက်မှုကို ထောက်ပံ့ပေးလို့ အရိုးပွတာမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် တနေ့လျှင် အနည်းဆုံးနာရီဝက်လောက်တော့ လမ်းပုံမှန်လျှောက်ပေးပါ။

၉။ နောက်ကျောအောင့်မှုကို သက်သာစေခြင်း

မကြာခဏ နောက်ကျောဖက်က ထိုးအောင့်တတ်သူများ လေ့ကျင့်ခန်းအပြင်းအထန်မလုပ်ချင်ဘူးဆိုလျှင် လမ်းလျှောက်ပေးပါ။ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ကိုယ်နေဟန်ထားကိုလည်း တည့်မတ်ပေးပါတယ်။

၁၀။ ပိုမိုတည်ငြိမ်တဲ့ စိတ်ထား

ပင်ပန်းနွမ်းနယ်နေတဲ့အခါများ၊ စိတ်ရှုပ်ထွေးနေချိန်၊ စိတ်ဓာတ်ကျဆင်းနေချိန်များတွင် သူငယ်ချင်း သို့မဟုတ် ချစ်ခင်ရသူတစ်ဦးဦးနဲ့ လမ်းလျှောက်ပေးခြင်းက အပျော်တွေကူးစက်စေပြီး စိတ်ခံစားမှုလည်း သက်သာစေမှာပါ။