ကျန်းမာရေးဆိုတာ လူတစ်ယောက်အတွက်အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့မဆင်ခြင်မှုတွေကြောင့် ကျန်းမာရေးကို နည်းနည်းလေး ထိခိုက်မိရင်တောင် နေရထိုင်ရခက်စေတာမျိုးတွေရှိတတ်တော့ ဆင်ခြင်နိုင်ရင်အကောင်းဆုံးပဲပေါ့။ အစားစားပြီးသွားတဲ့အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ အစာမကြေရင်ပြည့်တာတွေ၊ လေပွတာမျိုးတွေမဖြစ်အောင် ထိန်းသိမ်းဖို့လိုတာတွေကို ဖော်ပြပေးချင်ပါတယ်။

အစားကိုမြန်မြန်စားတာ

အစားစားတဲ့အခါမှာ ဖြည်းဖြည်းနဲ့ပုံမှန်စားတာက အစာချေစနစ်အတွက်လည်း အဆင်ပြေစေပြီး အစာအိမ်ကိုရောက်ရှိလာတဲ့အစာတွေကို သေချာချေညက်ပေးနိုင်တာကြောင့် ပုံမှန်စားတာကပိုသင့်တော်ပြီး မြန်မြန်စားလွန်းတဲ့အခါမှာ ရင်ပြည့်ရင်ကယ်ဖြစ်နိုင်ချေပိုများလာပြီး နေရထိုင်ရခက်စေတတ်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ဖြတ်ဖို့ခက်ခဲနေတယ်ဆိုရင်တောင် တစ်နေ့ကိုနှစ်လိပ်နှုန်းလောက်ကပဲ သင့်တော်ပါတယ်။ ဆေးလိပ်တွေသောက်တာများလာတဲ့အခါမှာ အစာအိမ်ရဲ့အစာတွေကို ချေဖျက်တဲ့လုပ်ဆောင်ချက်က ကျဆင်းသွားပြီး အစာတွေကိုကောင်းကောင်း မချေဖျက်နိုင်တာမျိုးတွေရှိတတ်ပါတယ်။ ဆေးလိပ်သောက်တာများလာပြီး အစာကောင်းကောင်းမချေနိုင်တော့တဲ့အခါမှာ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေ၊ ရင်တုန်တာတွေကိုဖြစ်လာစေနိုင်ပါတယ်။

Soda တွေအရမ်းသောက်တာ

Gas ပါတာများတဲ့ Soda တွေကိုသောက်သုံးတာက ရင်ပြည့်ရင်ကယ်ဖြစ်စေဖို့ အခွင့်အလမ်းအရမ်းများလွန်းနေပါတယ်။ Soda အရမ်းသောက်လွန်းတဲ့ သူတစ်ယောက်က အစာချေစနစ်ကိုအားနည်းစေပြီး နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။

Photo Source: Pinterest