အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါဆိုင်ရာ သုတေသနပြုလုပ်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ Penn State Hershey Cancer Institute က သုတေသနပညာရှင်တွေက အူမကြီ ကင်ဆာဆဲလ်တွေကို ပျောက်ကင်းစေနိုင်တဲ့ လမ်းစကို တွေ့ရှိခဲ့ပါတယ်။

အူမကြီး ကင်ဆာဆဲလ်တွေကို ပျောက်ကင်းစေနိုင်တဲ့ ကွန်ပေါင်းဖြစ်တဲ့ Resveratrol ကိုတွေ့ရှိခဲ့ပြီး စပျစ်သီးကနေ တွေ့ရှိခဲ့တာပါ။

အဲ့ဒီ Resveratrol ကွန်ပေါင်းက အူမကြီး ကင်ဆာကို ကုသရာထက် ကာကွယ်ရာမှာ ပိုပြီး အစွမ်းထက်ပါတယ်။

Penn State Hershey Cancer Institute ရဲ့ အစားအသောက် သိပ္ပံဆိုင်ရာ တွဲဖက် ပါမောက္ခ Jairam K.P. Vanamala က “Resveratrol” ကွန်ပေါင်းနဲ့ စပျစ်သီးစေ့တွေက အူမကြီး ကင်ဆာဆဲလ်တွေကို သေစေနိုင်ဖို့ အရမ်းအစွမ်းထက်ပါတယ်။ ဒီဓာတ်တွေကလည်း အသက်ရှင်နေတဲ့ ဆဲလ်တွေကို အဆိပ်အတောက်မဖြစ်စေဘူး” လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှ အူမကြီးကင်ဆာဟာ တတိယ မြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။

ဒါကြောင့် စပျစ်သီးမှာပါတဲ့ Resveratrol ကွန်ပေါင်းကို ဆေးဝါးတွေမှာ ထည့်သွင်းပြီး အူမကြီး ကင်ဆာ ကို ကာကွယ်ဖို့ စဉ်းစားနေကြပါတယ်။

အဲ့ဒီအပြင် Resveratrol ကွန်ပေါင်း နဲ့ စပျစ်သီးအစေ့တွေဟာ ကင်ဆာ ဆဲလ်တွေ ဖွံ့ဖြိုးမှုကနေ ထိန်းချုပ်လျှော့ချနိုင်စွမ်းရှိပါတယ်။.

ဒါကြောင့် စပျစ်သီးကို ပုံမှန် စားပေးခြင်းအားဖြင့် အူမကြီး ကင်ဆာရောဂါကို ကာကွယ် လျှော့ချနိုင်ပါတယ်။

အခုအချိန်မှာတော့ ကင်ဆာရောဂါကို ပျောက်ကင်း၊ ကာကွယ်နိုင်တဲ့ နည်းလမ်းဆိုပြီး ရာနှုန်းပြည့် မပြောနိုင်ကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဖြစ်ပွားနိုင်ချေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီး တွေ့ရှိထားပါတယ်။

အသားကို နည်းနည်းစားပြီး ဓာတု ဆေးဝါး ကင်းတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားပေးရင် ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။