သင်ရဲ့ အစားအသောက်ရွေးချယ်မှုသည် နှလုံးကျန်းမာရေး၊ စွမ်းရည်နှင့် အစာစားချင်စိတ်ထိန်းချုပ်မှုတို့အပေါ် ထိရောက်စွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ အရသာလည်းရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးခြင်းသည် မိမိအတွက်သာမက မိသားစုအတွက်ပါ ကောင်းမွန်စေနိုင်တာကြောင့် မည်သည့်အစားအစာတွေက နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သလဲ သိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဖရဲသီး

ကယ်လိုရီပါဝင်မှုနည်းပါးပြီး antioxidants များ၊ ဖိုက်ဘာဓာတ်တို့ အလွန်ကြွယ်ဝသည့် အသီးအနှံတစ်ခုဖြစ်ပါတယ်။

၂။ ဒိန်ချဉ်

ချိုမြိန်ပြီး စွဲမက်ဖွယ်အရသာအလွန်ရှိတဲ့ ဒိန်ချဉ်သည် နှလုံးအတွက်သာမက အခြားဖက်ပေါင်းစုံအတွက်လည်း အလွန်ကောင်းမွန်သည့် သက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။

၃။ ခရမ်းချဉ်သီး

ဗီတာမင်စီအမြောက်အမြားပါဝင်ပြီး lycopene ကြွယ်ဝသည့် ခရမ်းချဉ်သီးသည် ဆဲလ်များပျက်စီးမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ထောပတ်သီး

သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်သည့် သတ္တုဓာတ်ပါဝင်သော အသီးအနှံတစ်ခုဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြင့် သေဆုံးနိုင်ခြေကို လျော့နည်းစေပါတယ်။

၅။ ဘယ်ရီသီးများ

Antioxidants တွေအပြည့်ပါဝင်ပြီး နှလုံးကျန်းမာစေရန်အတွက် သရေစာအနေနှင့် စားသုံးပေးသင့်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ သည့်အပြင် သွေးပေါင်ချိန်နှင့် မကောင်းသည့် ကိုလက်စထရောများကို လျော့ချပေးနိုင်ပါတယ်။

၆။ ဆော်လမွန်ငါး

အပတ်စဉ် နေ့တိုင်း ငါးကိုမှန်မှန်စားသုံးပေးခြင်းသည် နှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်ပေါ်သော ရောဂါများပေါ်ပေါက်လာနိုင်ခြေကို ၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်သည်ဟု အာဟာရဗေဒပညာရှင်တစ်ဦးက ဖော်ပြထားပါတယ်။

၇။ အုတ်ဂျုံမှုန့်

နှလုံးကျန်းမာရေးကိုသာ ကောင်းမွန်စေသည်မဟုတ်ဘဲ ကိုယ်အလေးချိန် ထိန်းသိမ်းရန်အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ဂျုံပြောင်းများသည် ဗိုက်ပြည့်စေသည့်ခံစားမှုကို ဖြစ်စေနိုင်တာကြောင့် သင့်ကိုအစာစားမှုနည်းပါးစေမှာဖြစ်ပါတယ်။