နှစ်သစ်ရောက်ပြီဆိုတာနဲ့ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုတာကလည်း လူအများစုရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ တစ်ခုအနေနဲ့ပါဝင်လာပါတယ်။ လွယ်လွယ်နဲ့လည်း ကျိုးပျက်လွယ်ပါတယ်။

ကိုယ်ကစိတ်လုံးလုံးချထားပေမယ့်လည်း မပျက်မကွက်ဘဲ မှန်မှန်လုပ်ဖို့အတွက် မဖြစ်နိုင်ဘူးဆိုရင်တော့ ဘယ်လောက်ထိ စိတ်ဓာတ်ကျစရာ ကောင်းသလဲဆိုတာ ကြုံတွေ့ဖူးသူများသာ သိနားလည်မှာပါ။

ဒါပေမယ့် မှန်ကန်သေချာစွာ ကိုင်တွယ်ဖြေရှင်းတတ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းကို နေ့တိုင်းမှန်မှန်နဲ့ လုပ်ဆောင်သွားဖို့ဟာ လွယ်ကူတဲ့အရာတစ်ခု ဖြစ်သွားတော့မှာပါ။

၁။ ကိုယ်စိတ်ပျော်ရာကို ပြုလုပ်ပါ

Source: Muscle & Fitness

အားကစားနဲ့ပတ်သက်လာရင် လူအများတွေးထားတာက ထိရောက်မှုရှိဖို့အတွက် မချိမဆံ့ခံစားရပြီး ပျော်စရာမကောင်းဘူးဆိုတာပါပဲ။ ကိုယ်စိတ်မပါတာ၊ မကြိုက်တာကို ပြုလုပ်မိရင်တော့ ဘယ်လောက်မှမကြာလိုက်ဘဲ ရပ်တန့်လိုက်မိမှာပါ။

ဒါကြောင့် အခြားသူတွေထက် လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ကိုယ်ဝါသနာပါရာ၊ စိတ်ပျော်တဲ့ လေ့ကျင့်ခန်းလေးတွေကိုပဲ ရွေးလုပ်ဖို့အရေးကြီးပါတယ်။ လေ့ကျင့်ခန်းတိုင်းက ကိုယ့်အတွက်ကောင်းတယ်ဆိုပေမယ့်လည်း စိတ်မပျော်ရာကိုရွေးချယ်မိရင်တော့ ရေရှည်ခံမှာမဟုတ်ပါဘူး။

၂။ လေ့ကျင့်ခန်းအချိန်ဇယားကို ပြက္ခဒိန်မှာမှတ်ထားပါ

Source: ClubRunner

ကိုယ်စိတ်မပါတဲ့ လေ့ကျင့်ခန်းကိုရွေးလိုက်မိရုံသာမဟုတ်ဘဲ လူအများစုကို လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းမှ တားဆီးနေတဲ့ အရာတွေကတော့ ပြက္ခဒိန်မှာ အချိန်သေချာမရေးဆွဲထားခြင်းပါပဲ။

လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဆုံးဖြတ်ထားပါက အချိန်ပေးရမှာဖြစ်ပြီး အကောင်းဆုံးကတော့ ပြက္ခဒိန်မှာ သေချာရေးမှတ်ထားပြီး လိုက်နာဖို့ပါပဲ။

၃။ ကိုယ့်အတွက်သင့်တော်တဲ့ အချိန်ကိုရွေးချယ်ပါ

Source: uk.businessinsider.com

ဘယ်အချိန်လေ့ကျင့်ခန်းလုပ်ရမလဲဆိုတာကတော့ သင့်အပေါ်မူတည်ပါတယ်။ လူအများစုကတော့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အကောင်းဆုံးအချိန်ဟာ မနက်ပိုင်းလို့ ယူဆတတ်ကြပြီး ပင်ပန်းလာရင် စိတ်ရှုပ်လာပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ကို မေ့ထားလိုက်ပါတော့တယ်။

လူတိုင်းလူတိုင်းဟာ တစ်နေ့နဲ့တစ်နေ့ မတူညီတဲ့အချိန်တွေကို ကုန်ဆုံးနေရပြီး မတူညီတဲ့ဘဝတွေကို ရှင်သန်နေရတာဖြစ်သည့်အတွက် ကိုယ့်အတွက် ဘယ်အချိန်က အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ချိန်တွယ်ပြီး ရွေးချယ်ပြုလုပ်ပါ။

၄။ လေ့ကျင့်ခန်းမလုပ်ခင် ကြိုတင်ပြင်ဆင်ထားပါ

Source: GymPerson.com

လေ့ကျင့်ခန်းမလုပ်ခင် ကိုယ့်အတွက်လိုအပ်တဲ့အရာတွေကို သေချာစနစ်တကျ ထည့်သွင်းပြီးပြီလား၊ ပါပြီလားဆိုတာကို စစ်ဆေးရပါမယ်။ လေ့ကျင့်ခန်းလုပ်သူအများစုဟာ သီချင်းနားထောင်တတ်တာဖြစ်တဲ့အတွက် ဖုန်းအားပြည့်ရဲ့လားဆိုတာ စစ်ဆေးပြီး မောပန်းသည့်အခါ သောက်သုံးနိုင်ဖို့အတွက် ရေဘူးပါပြီလား စတာတွေကို စစ်ဆေးရပါမယ်။

၅။ ပင်ပန်းရင်တောင် အားတင်းပြီးရှေ့ဆက်ပါ

Source: The Fitness

လေ့ကျင့်ခန်းလုပ်ရာမှာ အခက်ခဲဆုံးအပိုင်းက စစလုပ်ချိန်ပါပဲ။ နည်းနည်းလောက်ကြာတာနဲ့ ပင်ပန်းလွန်းလို့ ရှေ့ဆက်ချင်စိတ်ပျောက်ကင်းလာပြီး အိမ်ရောက်တဲ့အခါမှာလည်း အိပ်ရာထဲကနေ မထချင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့အတွက် ဇွဲရှိဖို့လိုအပ်ပါတယ်။ ဇွဲလုံ့လမရှိဘဲ လွယ်လွယ်ကူကူနဲ့ လက်လျော့ချင်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

၆။ ရည်မှန်းချက်၊ ပန်းတိုင်ထားပြီး လေ့ကျင့်ခန်းလုပ်ပါ

Source: Verywell Fit

စိတ်ဓာတ်လှုံ့ဆော်မှုဟာ ကိစ္စတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် ပြီးမြောက်အောင်မြင်နိုင်ဖို့အတွက် လိုအပ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ရာ မှာလည်း မှန်မှန်ပြုလုပ်နိုင်ဖို့အတွက် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုဖန်တီးပါ။

ငါဘာအတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့လိုအပ်သလဲ မလုပ်ရင် လူပျော့ဖြစ်ရာကျမယ် စသဖြင့် ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။

Credit: www.artofmanliness.com