ကယ်လ်စီယမ်သုံးစွဲဖို့လိုတယ်လို့ပြောလိုက်တာနဲ့ လူတွေရဲ့ခေါင်းထဲမှာပေါ်လာတာကတော့ နို့တစ်ခွက်သောက်ဖို့ပါပဲ။ ဒါပေမယ့်လည်း ဒီလိုမျိုး နို့တစ်ခွက်ထက်ပိုပြီး အခြားအစားအစာတွေကလည်း ကယ်လ်စီယမ်တွေ အမြောက်အမြားပါဝင်တာကို သိပါသလား။ နွားနို့သောက်ရတာကို မကြိုက်တဲ့လူတွေအတွက် ယခုဖော်ပြပေးမယ့် အစားအစာတွေလည်း စားသုံးပေးနိုင်လို့ ဘယ်လိုအစားတွေလဲဆိုတာ ယခုပဲဖတ်ကြည့်လိုက်ပါနော်။

၁။ ကုလားပဲ

ကုလားပဲတစ်ခွက်တွင် ကယ်လ်စီယမ်ပမာဏ ၃၁၅ မီလီဂရမ်နှင့် ဖိုက်ဘာ၊ ပရိုတင်းတို့ပါဝင်ပါတယ်။ ဟင်းချိုအနေနှင့်ဖြစ်ဖြစ်၊ အသုပ်အနေနှင့်ဖြစ်ဖြစ် စိတ်တိုင်းကျမျိုးစုံ စားသုံးနိုင်ပါတယ်။

၂။ အစိမ်းရင့်ရောင် အရွက်များ

ဒေါက်ခွရွက်၊ တရုတ်မုန်ညှင်း၊ မုန်ညှင်းရွက်တွေနှင့် တရုတ်မုန်လာတို့လို အစိမ်းရောင်အရွက်တွေဟာ ကယ်လ်စီယမ်အထူးကြွယ်ဝပါတယ်။ ဒီလိုမျိုးအရွက်တွေကို ကြိုက်နှစ်သက်ရာပုံစံနဲ့ မျိုးစုံးပြင်ဆင်ချက်ပြုတ်စားသုံးနိုင်ပါတယ်။

၃။ အယ်လ်မွန်စေ့များ (ဗာဒံစေ့)

ဗာဒံစေ့တွေကလည်း ဦးနှောက်ကိုအားကောင်းစေရုံသာမက ကယ်လ်စီယမ်တွေလည်း ပေါင်းစပ်ပါဝင်ပါတယ်။ ခွက်တစ်ခွက်ရဲ့ လေးပုံ သုံးပုံပမာဏက ကယ်လ်စီယမ် ၃၂၀ မီလီဂရမ်ကိုပေးစွမ်းနိုင်တဲ့အပြင် ဖိုက်ဘာနှင့်ဗီတာမင်အီးတို့လည်း အထူးကြွယ်ဝပါတယ်။

၄။ ဆယ်လ်မွန်ငါး

တစ်ယောက်စာပြင် ဟင်းတစ်ပွဲမှာ ကယ်လ်စီယမ် ပမာဏ ၃၄၀ မီလီဂရမ်ပါဝင်လို့နေ့စဉ်မစားဖြစ်ရင်တောင် စားသောက်ဆိုင်တွေရောက်တဲ့အခါ သတိတရနဲ့ စားသုံးပေးနိုင်ပါတယ်။

၅။ သဖန်းသီးခြောက်

ကယ်လ်စီယမ်တွေအများအပြားပါဝင်သည့်အပြင် ကယ်လိုရီပါဝင်မှုလည်း များလွန်းသည့်အတွက် တစ်ခါစားလျှင် အနည်းငယ်သာ စားသုံးပေးပါ။