ယခင်တုန်းက မနက်ရောက်တိုင်း ကော်ဖီတစ်ခွက်သောက်ပြီး တနေ့တာကို စတင်လေ့ရှိပါသလား။ ဒါဆိုရင်တော့ ဒီလိုမျိုးအလေ့အကျင့်ကိုပြောင်းပြီး သွေးပေါင်ချိန်ကိုထိန်းသိမ်းနိုင်မယ့် အသီးဖျော်ရည်တစ်ခွက်ကို ပြောင်းသောက်ဖို့ စဉ်းစားလိုက်ပါ။

သွေးချိန်ပေါင်တက်တယ်ဆိုတာဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်လို့ မကုသဘဲဒီအတိုင်းထားမယ်ဆိုရင် နှလုံး၊ သွေးကြော၊ ကျောက်ကပ် နှင့် ခန္ဓာကိုယ်အတွင်းက အခြားအစိတ်အပိုင်းတွေကိုပါ ပျက်စီးလာစေနိုင်ပါတယ်။

ဒါကြောင့် ယခုဖော်ပြပေးမယ့် အသီးဖျော်ရည်က သွေးပေါင်ချိန်ကိုလည်း ထိန်းသိမ်းပေးမယ့်အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေပါ ပေါင်းစပ်ပါဝင်လို့ မနက်ရောက်တိုင်း ဒီဖျော်ရည်လေးကို သောက်သုံးပေးပါ။

ပါဝင်ပစ္စည်းများ

  • အဆီထုတ်ထားသည့် နွားနို့
  • အဆီမပါဝင်သည့် ဒိန်ချဉ်
  • စတော်ဘယ်ရီသီး
  • ငှက်ပျောသီး
  • ကီဝီ
  • ထုချေထားသည့် နှမ်းကြတ်စေ့
  • ဓား
  • ကြိတ်စက်
  • တိုင်းတာခွက်များ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အဆီထုတ်ထားသည့် နွားနို့ ခွက်တစ်ဝက်ခန့်ကို ကြိတ်စက်ထဲလောင်းထည့်ပါ။

၂။ အဆီမပါဝင်သော ဒိန်ချဉ်ခွက် ၁ ဝက်ခန့်ကိုလည်း ပေါင်းထည့်ပါ။

၃။ လှီးထားသည့် စတော်ဘယ်ရီသီးများ ခွက်တစ်ဝက်စာကိုပါ ထည့်ပေးပါ။

၄။ ငှက်ပျောသီး ၁ လုံးကိုလည်း လှီးထည့်ပါ။

၅။ အခွံခွာထားပြီးသား ကီဝီအတုံးလေးများကိုလည်း ရောထည့်ပါ။

၆။ ကြိတ်ထားသည့် နှမ်းကြတ်စေ့များ တစ်ဇွန်းအပြည့်ကိုလည်း ထည့်ပေးပါ။

၇။ ပြီးသွားလျှင် မိနစ်အနည်းငယ်ကြာ ရောထည့်ထားသမျှကို ကြိတ်ပေးပါ။

၈။ ထို့နောက် ရရှိလာသည့် ဖျော်ရည်ကို ခွက်ထဲလောင်းထည့်ပြီးလျှင်တော့ သွေးပေါင်ချိန်တက်တာကို ကူညီပေးပြီး အရသာလွန်းအလွန်ရှိတဲ့ ဖျော်ရည်တစ်ခွက်ရပါပြီ။

နေ့စဉ်မှန်မှန် သို့မဟုတ် တပတ်လျှင် အကြိမ်အရေအတွက်များများ သောက်သုံးပေးပါ။

Reference: Top 10 Home Remedies