ကိုယ်ဝန်ဆောင်မိခင်လောင်ေးတွအနေနဲ့ ရင်သွေးလေးရပြီဆိုရင် အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အာဟာရဓာတ် သင့်တင့်မျှတအောင် မစားသုံးဘူးဆိုရင် ကလေးရဲ့ ကြီးထွားမှုအပေါ် သက်ရောက်မှုရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သြဇာသီးကရော ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ဗီတာမင် အေ နဲ့ စီ

သြဇာသီးမှာ ဗီတာမင် အေ နဲ့ စီ ပါဝင်ပြီး မိခင်လောင်းတွေအတွက်ရော ကိုယ်ဝန်ထဲက ကလေးဖွံ့ဖြိုးဖို့အတွက်ရော ကောင်းမွန်ပါတယ်။

ကယ်လိုရီပါဝင်မှု မြင့်မားခြင်း

Sugar-apple-sweetsop

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်အလေးချိန်တက်ဖို့ ကယ်လိုရီ များများစားသုံးဖို့လိုအပ်ပါတယ်။ သြဇာသီးမှာ ကယ်လိုရီပါဝင်ပြီး အားအင်ပြည့်ဝစေလို့ ပင်ပန်းနွမ်းနယ်ခြင်းကို အကောင်းဆုံး လျှော့ချပေါ်နိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်တတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

Antioxidant

ကိုယ်ဝန်ဆောင်တွေအတွက် သြဇာသီးရဲ့ အကျိုးကျေးဇူးတွေ

Antioxidant ကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ကင်းစင်စေပါတယ်။

မီးဖွားချိန်အတွင်း နာကျင်ခြင်းကို လျှော့ချပေးနိုင်ခြင်း

မီးဖွားချိန်အတွင်း နာကျင်မှုကို လျှော့ချပေးနိုင်ပြီး မိခင်ကို အားအင်အပြည့်ရှိစေပါတယ်။