မျက်မှန်တပ်ထားတဲ့ သူတွေများ ရှိလားရှင့်။ ဒါဆိုရင်တော့ ကိုယ်ကြုံတွေ့ရတဲ့ အခက်ခဲတစ်ချို့ကိုလည်း Comment ပေးခဲ့ဦးနော်။

၁။ 3 D ဇာတ်ကားတွေ ကြည့်ရတာ ဟန်မကျဘူး။ 3D မျက်မှန်ကို ဘယ်လိုတပ်ရမှန်းမသိ။ မျက်မှန်အပေါ်မှာပဲ ထပ်ပြီးတပ်ရမလား မျက်မှန်ပဲ ချွတ်ရမလား ဝေခွဲရခပ်ခက်ခက်ရယ်။ ဟုတ်ရဲ့လားရှင့်။

၂။ ခဏခဏ မျက်မှန်ကို သန့်ရှင်းရေးလုပ်ရတယ်။

၃။ ချွေးတွေထွက်လာပြီဆိုရင် မျက်မှန်က ကျွတ်ကျွတ်ကျရော။ လေ့ကျင့်ခန်းလုပ်နေရင် မျက်မှန်နဲ့ နပန်းသတ်နေရတာ အမောလေ။

၄။ မိုးရွာပြီဆို ဘာမှကို မမြင်ရတော့တာ။ ဟုတ်တယ်မလားရှင့်။

၅။ လက်နဲ့ မှန်ကို ထိမိရင်လည်း မျက်မှန်က ညစ်ပတ်သွားတော့ ပြန်ပြီး သန့်ရှင်းပေးရတာ အမောပါပဲ။ ပြီးတော့ ၅ မိနစ်တစ်ခါလောက် မျက်မှန်ကို ပြန်ပြန် ပင့်နေရတယ်လေ။ စတိုင်လ်တစ်ခုပေါ့။

၆။ မျက်မှန်ချွတ်ထားမိပြီဆိုရင် ခဏခဏ လိုက်ရှာရတာလည်း အလုပ်တစ်ခုလိုပါပဲ။

၇။ မျက်မှန်တပ်ပြီး အိပ်ရင် ၊ လှဲနေရင် မျက်မှန်က အဆင်မပြေဘူး။ ကျိုးမှာကလည်း ကြောက်ရသေးတယ်။

၈။ ကော်ဖီပူပူ ရေနွေးပူပူသောက်ရင် မျက်မှန်မှာ အငွေ့ရိုက်လို့ ဘာမှမမြင်ရတော့ဘူး။ တခါတလေ Aircon ခန်းကနေ အပြင်ကိုထွက်လိုက်ရင် မျက်မှန်က ဝါးသွားရော။

၉။ အကျ်ီချွတ်တော့မယ်ဆိုရင် မျက်မှန်ချွတ်ဖို့မေ့ရင် သွားသွားတိုက်တာ။ ကျိုးမှာကြောက်လို့ ခပ်မြန်မြန်လေး ချွတ်ရတဲ့ဒုက္ခ။

၁၀။ ချစ်သူရှိလို့ အနမ်းပေးတော့မယ်ဆို မျက်မှန်နဲ့အဆင်ကိုမပြေပါဘူးလေ။

ဘာပဲဖြစ်ဖြစ် မှန်ကြောင်လေးဆိုတာ လူတွေအလယ်မှာ ထင်းနေတာလည်း မတတ်နိုင်ဘူးလေနော်။