ကြက်သွန်ဖြူကို ဟင်းထဲထည့်ချက်တဲ့အခါ ရလာတဲ့ အရသာကို လူတွေ တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ အသုတ်တွေ သုတ်တဲ့နေရာမှာလည်း ကြက်သွန်ဖြူလေးထည့်လိုက်ရင် မွှေးမွှေးလေးနဲ့ စားလို့ကောင်းပါတယ်။ အဲ့ဒီအပြင် ကြက်သွန်ဖြူက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ဘာကြောင့် ကြက်သွန်ဖြူကို စိုက်သင့်သလဲ

ကြက်သွန်ဖြူက ဟင်းချက်ရာမှာ မပါမဖြစ် ပစ္စည်းဖြစ်တာကြောင့် နေ့တိုင်းနီးပါး သုံးစွဲနေရပါတယ်။ အဲ့ဒီအပြင် ကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူကိုနေ့တိုင်းစားသုံးရင်

  • ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး
  • နှလုံး ကျန်းမာရေးကို အထောက်အပံ့ပေး
  • ကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေး

ကြက်သွန်ဖြူကို ဘယ်လို စိုက်မလဲ

ကြက်သွန်ဖြူကို ကိုယ့်ခြံထဲမှာ ဘဲဖြစ်ဖြစ်၊ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာဘဲ ဖြစ်ဖြစ် အလွယ်တကူ စိုက်ပျိုးလို့ရပါတယ်။ နေရာကျယ်ကျယ်မယူဘဲ အလွယ်တကူ စိုက်လို့ရပါတယ်။

ကြက်သွန်ဖြူ အော်ဂန်းနစ် ကို ဝယ်ယူပြီးစိုက်ပါ။ ဓာတ်မြေသြဇာတွေ အများကြီးသုံးပြီး စိုက်ထားတဲ့ ကြက်သွန်ဖြူဆိုရင် အပင်ပေါက်ဖို့ ခဲယဉ်းသလို အော်ဂန်းနစ် ကြက်သွန်ဖြူလောက်တော့ မကောင်းပါဘူး။

  • ကြက်သွန်ဖြူစိုက်မယ့် မြေကို သဘာ၀ မြေသြဇာတွေဖြစ်တဲ့ သဲတွေ၊ မြေကြီးတွေ၊ သစ်ရွက်ခြောက်တွေ၊ ပြာတွေ၊ နှောက်ချေးတွေ စတာတွေထည့်ပြီး ပြင်ထားပေးပါ။ တိုက်ခန်းထဲမှာ စိုက်မယ်ဆိုရင်လည်း ခွက်လေးထဲ စိုက်ပြီး အထဲက မြေကို သေချာ ပြင်ဆင်ထားပါ။
  • ကြက်သွန်ဖြူ ဥ ကြီးကြီးလေးတွေကို ရွေးပြီးစိုက်ပါ။ ဥအသေးလေးတွေကိုတော့ ဟင်းချက်စားလိုက်ပါ။
  • ကြက်သွန်ဖြူ ဥကြီးတွေရဲ့ ၃ ပုံ ၂ပုံကျော် ကို မြေကြီးထဲ မြှပ်ထားပြီး ၃ ပုံ ၁ပုံ မရောက်တရောက်လေးကို ဖော်ထားပါ။ ချွန်နေတဲ့ အပိုင်းလေးကို မြေကြီးပေါ်မှာ ပေါ်ထားပါ။

  • ရေပုံမှန် လောင်းပေးပါ။
  • နောက်ပိုင်းမှာ အတက်လေးတွေ စပြီး ထွက်လာပါလိမ့်မယ်။
  • အရွက်တွေ ၅ ရွက် ၆ ရွက်လောက် ထွက် နေပြီဆိုရင်တော့ ကြွက်သွန်ဖြူကို ခူးစွတ်လို့ရပါပြီ။
  • ခူးယူထားတဲ့ ကြက်သွန်ဖြူကို ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။