ဆံပင်တွေ အရှည်နှေးနေလို့ စိတ်ညစ်နေလား။ ခေါင်းလျှော်ရည်တွေ တစ်ခုပြီးတစ်ခုပြောင်းသုံးပေမဲ့လည်း ဆံပင်အရှည်မမြန်ဘူးဖြစ်နေလား။ ဒါဆိုရင် သဘာဝနည်းလမ်းကို အသုံးပြုပေးဖို့ အကြံပြုချင်ပါတယ်။

လုပ်ရမဲ့နည်းလမ်းက ရိုးရှင်းပြီး ထိရောက်မှုရှိပါတယ်။

အန်းဆီ နဲ့

ကြက်ဆူဆီရယ်

ဗီတာမင် E ဆေးတောင့်ရယ် ပြီးတော့

ရှားစောင်းလက်ပက်ရယ်

ခွက်တစ်လုံးရယ် ရှိရပါမယ်။

ပထမဦးဆုံး ရှားစောင်းလက်ပက်ကို အပိုင်းလိုက်ပိုင်းပြီး ဘေးဘက်ကို လှီးဖြတ်လိုက်ပါ။ ပြီးရင်အလှည်ကနေ နှစ်ပိုင်းခြမ်းလိုက်ပါ။ ဒါဆိုရင် ဂျယ်လေးတွေ ထွက်လာမှာပါ။

အဲဒီဂျယ်တွေကို ဦးရေပြားပေါ်လိမ်းပေးပြီး လက်တွေနဲ့ ဖြည်းဖြည်းချင်းဖိပေးပါ။

ဦးရေပြားတစ်ခုလုံးကိုလိမ်းပေးပါ။

ပြီးရင် ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်းရယ် အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းရယ် ဗီတာမင် E ဆေးတောင့် ၁ ခုရယ်ကို ရောပြီး မွေလိုက်ပါ။ ပြီးရင်ရေနွေးအနည်းငယ် ထည့်ထားတဲ့ ခွက်တစ်လုံးထဲထည့်ပါ။ ဆီတွေကို မီးနဲ့ မထိပါစေနဲ့။ မီးလောင်သွားနိုင်ပါတယ်။

၅ မိနစ်လောက် စိမ်ထားပြီးရင် ဦးရေပြားပေါ်မှာ ၅မိနစ်လောက် ပွတ်လိမ်းပေးပါ။ ပြီးရင် အိပ်ယာပေါ်မှာ လှဲနေပြီး ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။ သွေးလည်ပတ်မှုကောင်းအောင်ဖြစ်ပါတယ်။ ၂ မိနစ် ၃ မိနစ်လောက်ပဲ နှိပ်ပေးရမှာပါ။

ရောထားတဲ့ ဆီတွေမကုန်ဘူးဆိုရင်ရေခဲသေတ္တာထဲ သေချာသိမ်းထားပါ။ တစ်ပတ်ကို ၄ ကြိမ် ၅ ကြိမ်လောက်လုပ်ပါ။

ဆံပင်တွေ အရှည်မြန်ပြီး သန်စွမ်းလာပါလိမ့်မယ်။

Reference Link: https://zzoob.com/she-rubs-aloe-vera-on-her-hair-what-happens-after-5-minutes-will-surprise-you/အရှည်မြန်ပြီး ကျန်းမာသန်စွမ်းစေမဲ့ ရှားစောင်းလက်ပက်