သင်ဟာ ဆိုဒါပါတဲ့အချိုရည်ကို ရေထက်ပိုပြီးသောက်သုံးတတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါနော်။

သကြား

amount-of-sugar-in-soda

ဆိုဒါပါတဲ့အချိုရည်တစ်ဘူးမှာ သကြား လက်ဖက်ရည်ဇွန်း ၁၀ဇွန်းကနေ ၁၆ ဇွန်းထိ ပါဝင်ပါတယ်။ ဒါဟာ ဆီးချိုဖြစ်နိုင်ချေပိုများစေပြီး ကိုယ်အလေးချိန်တက်စေသလို တခြားကျန်းမာရေးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အချိုရည်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ သကြားသုံးစွဲမှု အများဆုံးဖြစ်ပါတယ်။

ကဖိန်း

120312142836-man-drinking-soda-plastic-bottle-medium-plus-169

ဆိုဒါပါတဲ့အချိုရည်အများစုမှာ ကဖိန်းဓါတ်ပါဝင်ပါတယ်။ အဲဒီမှာပါဝင်တဲ့ကဖိန်းဓါတ်က ကင်ဆာ၊ ရင်သားအကြိတ်၊ နှလုံးခုန်မမှန်တာ၊ သွေးတိုးတာနဲ့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။

ရေ

soda.jpg.838x0_q67_crop-smart-zwowl0

သကြားမှာပါဝင်တဲ့ရေဟာ ကလိုရင်း၊ ဖရူရိုရိုက် စတဲ့ ဓါတုပစ္စည်းတွေပါဝင်နေပါတယ်။

အဝလွန်ခြင်း

A man opens a bottle of Diet Coke as he eats before the start of the baseball game with the San Francisco Giants and the Atlanta Braves at AT&T Park July 24, 2007 in San Francisco, California.

ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ဆိုဒါပါတဲ့ အချိုရည်ကို သောက်သုံးတာဟာ အဝလွန်ခြင်းကို တိုးမြင့်စေနိုင်တယ်လို့ ဆိုပါတယ်။

အာဟာရဓါတ်မရှိခြင်း

img.aspx

ဆိုဒါကိုသောက်သုံးတာဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဘာအာဟာရဓါတ်ကိုမှ ရရှိမှာမဟုတ်ပါဘူး။

သွားကျန်းမာရေး

ဆိုဒါကို ပုံမှန်သောက်ပေးတာဟာ သွားပိုးစားတာ သွားကျောက်တည်တာနဲ့ မှိုရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အရိုးပျော့တာလည်း ဖြစ်စေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်း

Dehydration2

သကြားဓါတ်၊ ဆိုဒီယမ် နဲ့ ကဖိန်းဓါတ်ပါဝင်မှု များတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု

bigstock-Problems-20872742

ဆိုဒါကို သောက်ပေးတာဟာ အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှုကို မြင့်တက်စေပါတယ်။

မေးခွန်းတစ်ခုရှိပါတယ်။ သကြားမပါတဲ့ ဆိုဒါကော သောက်လို့မရဘူးလား။

သကြားမပါတဲ့ ဆိုဒါဟာ ကယ်လိုရီမပါပါဘူး။ ဒါပေမဲ့ ကိုယ့်အတွက်ကောင်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။

ဆိုဒါပါတဲ့အချိုရည် သောက်သုံးဦးမှာလား။