ကြက်သွန်နီနဲ့ ကြက်ထုပ်ထိုးတယ်ဆိုတာကြားဖူးကြမှာပါ။ ဒါက မိရိုးဖလာကုသနည်းတစ်မျိုးဖြစ်ပေမယ့် သိပ္ပံပညာစမ်းသပ်ချက်မှာလည်း ကြက်သွန်နီမှာပါဝင်တဲ့ ဓာတ်တွေက အဆစ်အမြစ် အလွန်အမင်း ကိုက်ခဲတာတွေကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

2411967080_765b53e4aa_z

ကြက်သွန်နီကို စားသုံးခြင်းဟာ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး၊ စိတ်ရောကိုယ်ပါတက်ကြွစေပါတယ်။ ဒါ့အပြင် အသားအရေကြည်လင်ဖို့ နဲ့ ဆံပင် သန်စွမ်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ သူ့မှာ အကျိုးရှိ အာဟာရတွေဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တို့ပါဝင်တဲ့အပြင် ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။ အဲ့ဒီအပြင် ကြက်သွန်နီကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသား လူမျိုးပေါင်း များစွာရဲ့ တိုင်းရင်းဆေးတွေ ဖော်စပ်ရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။

onion-effective-in-facilitating-1

• ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်ပျောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။
• အဆစ်အမြစ်ကိုက်ခဲတာတွေကို ပျောက်ကင်းနိုင်ပါတယ်။
• ခန္ဓာကိုယ်အတွင်း ကိုလက်စထရော (Cholesterol) မြင့်မားနေတာကိုလည်း ထိန်းညှိပေးပါတယ်။
• ဆီးချိုရောဂါကိုလည်း သက်သာစေပါတယ်။

health-benefits-of-onion

ကြက်သွန်နီမှာ လူကို အာဟာရဖြစ်စေပြီး ဆေးဖက်ဝင်တဲ့ Allium သီးနှံနဲ့ ဆေးဖက်ဝင်အပင်များ အုပ်စုတွင်ပါဝင်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လူတွေက ကြက်သွန်နီကို သူ့ရဲ့ အနံ့အရသာကို အသုံးပြုရုံသာမက ဆေးဖက်ဝင်တာကြောင့် စိုက်ပျိုးကြတာပါ။ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ကြက်သွန်နီပေါင်း အလေးချိန်အားဖြင့် ပေါင် သန်း ၁သိန်းကျော်လောက် စိုက်ပျိုးကြပါတယ်။
အဲ့ဒီ အပြင် ကြက်သွန်နီဟာ

• ချောင်းဆိုးဝေဒနာကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

Onion Skins

(ကြက်သွန်နီ ဥအကြီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး အညှိရောင် သကြား စားပွဲတင်ဇွန်း၁ ဇွန်းကို တခြမ်းစီမှာ ထည့်ပြီး တစ်နာရီလောက်ထားပါ။ ပြီးရင် အဲ့ဒီ ကြက်သွန်နီ ကို စားပါ။ တစ်နေ့ ၂ ကြိမ်စားရင် ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေပါတယ်။)

• ထိခိုက်ရှနာ

stuff-onions-in-socks

(ကြက်သွန်နဲ့ သေးငယ်တဲ့ ဒဏ်ရာလေးတွေကို ကုသနိုင်ပါတယ်။ ပြဲသွားတဲ့ အရေပြားနေရာကို ကြက်သွန်ကို လှီးပြီး ကပ်ထားပေးပါက သွေးအမြန်တိတ်စေပြီး ဘက်တရီးယား ပိုးတွေကိုလည်း သေစေပြီး ဒဏ်ရာ အကျက်လွယ်ပါတယ်။)

• ဖျားနာခြင်း

o-cough2-facebook

(ကြက်သွန်နီကို ပါးပါးလှီးလိုက်ပြီး အုန်းဆီနဲ့ ရောဂါ ခြေဖဝါးကို သုတ်လိမ်းပြီး နှိပ်နှယ်ပေးပါ။ ကြက်သွန်နီ ပါးပါးလေးတွေကို ခြေဖဝါးအောက်မှာ ကြိုးနဲ့စီးပြီး အပေါ်ကနေ ခြေအိတ် ဝတ်ပြီး တစ်ညအိပ်လိုက်ပါက အဖျားကို ဖယ်ရှားပေးနိုင်ပါတယ်။)

• လေကောင်းလေသန့် ရဖို့

warning-items-we-touch-every-day-which-are-dirtier-than-the-toilet-seat-3-is-unexpected-2

အိမ်ထဲမှာ အနံ့အသက်တွေမကောင်းဘဲ ဖြစ်နေပါသလား။ ကြက်သွန်ကို လှီးပြီး အိမ်ရဲ့နေရာအနှံ့မှာ ထားလိုက်ပါ။ သူက အိမ်မှာ ရှိနေတဲ့ ဘက်တီးရီးယား၊ ဘိုင်းရက်စ် (Viruses) တို့ကို ဖယ်ရှားပေးပြီး လေကောင်းလေသန့်တွေကို ရရှိစေပါတယ်။

you-will-not-believe-your-eyes-he-pressed-an-onion-onto-his-hand-and-a-real-miracle-followed

အဲ့ဒီအပြင် ပိုးမွှားကိုက်လို့ ယားယံရင်လည်း ကြက်သွန်နီကို ပါးပါးလှီးပြီး သုတ်လိမ်းရပါမယ်။ ဦးရေပြားကို ကြက်သွန်နီ သုတ်လိမ်းပေးရင်လည်း ဆံပင်သန်စေပါတယ်။
ကြက်သွန်နီကို ပြုတ်ပြီး အပင်တွေကို ဖျန်းပေးရင်လည်း ပိုးကောင်တွေကို သေစေတဲ့အစွမ်းရှိပါတယ်။