ဦးရေပြားမှာဗောက်တွေရှိနေတာ အရမ်းကြည့်ရဆိုးစေပါတယ်။ ဒါ့အပြင် ဗောက်ထတော့ ဦးရေပြားယာယံတာမျိုးတွေလည်း ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဦးရေပြားမှာရှိနေတဲ့ဗောက်တွေကို ပျောက်ကင်းသွားစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Tea Tree Oil

200 ml ရှိတဲ့ ခေါင်းလျှော်ရည်ဘူးထဲကို Tea Tree Oil ၈ စက်လောက်ထည့်ထားပြီး ခေါင်းလျှော်ပေးမယ်ဆိုရင်တော့ ဗောက်တွေသက်သာပျောက်ကင်းစေပါတယ်။

Coconut Oil (အုန်းဆီ)

ညအိပ်ခါနီးကျရင် အုန်းဆီကို ဦးရေပြားမှာ ၅ မိနစ်လောက် ပွတ်လိမ်းပေးပြီး ဆံသားတွေမှာပါလိမ်းပေးပါ။ ပြီးရင်တော့ တစ်ညထားပြီး မနက်ရောက်မှ ခေါင်းလျှော်ချလိုက်ပါ။

Honey (ပျားရည်)

ဆံပင်ကိုရေဆွတ်ပြီး ပျားရည် ၉၀ ရာခိုင်နှုန်းကို ရေ ၁၀၀ ရာခိုင်နှုန်းနဲ့ရောလိုက်ပါ။ ပြီးရင်တော့ ဦးရေပြားမှာ ၅ မိနစ်လောက် ပွတ်လိမ်းပေးပြီး တစ်နာရီကြာအောင် ထားထားလိုက်ပါ။ အချိန်ပြည့်ရင်တော့ ခေါင်းလျှော်ချလိုက်ရုံပါပဲ။

Lemon Juice (သံပုရာရည်၊ သံပရိုရည်)

သံပုရာရည် (သို့) သံပရိုရည်ကို ဦးရေပြားမှာ ၃၅ မိနစ် (သို့) မိနစ် ၄၀ လောက် ပွတ်လိမ်းပေးရပါမယ်။ ပြီးရင်တော့ ခေါင်းလျှော်ချလိုက်ရုံပါပဲ။ ခေါင်းမှာအနာတွေရှိရင်တော့ ဒီနည်းလမ်းကို မလုပ်ပါနဲ့။

အခုပြောပြပေးသွားတဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေတာတစ်ခုကိုပဲ ရွေးချယ်ပြုလုပ်ပေးလို့ ရပါတယ်။

Photo Source: www.brightside.me.com