ဆီးချိုမှာ အများအားဖြင့်၂ မျိုးရှိပါတယ်။ Type 1 နဲ့ Type 2 ဖြစ်ပါတယ်။

Type 1 ဆီးချိုက ခန္ဓာကိုယ်ကနေ အချိုဓာတ်ကို ထိန်းညှိပေးနိုင်ရန် သရက်ရွက်ကနေ ထုတ်ပေးရမယ့် Insulin ဟော်မုန်းကို မထုတ်နိုင်တာဖြစ်ပါတယ်။ အများအားဖြင့် အသက်ငယ်သူတွေမှာဖြစ်တတ်ပါတယ်။

Type 2 ဆီးချိုက Insulin ဟော်မုန်းကို ခံနိုင်ရည်ရှိပြီး လူတွေအများဆုံးမှာဖြစ်ကြပါတယ်။

အဲ့ဒီ ၂ မျိုးအပြင် ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်တဲ့ Gestational Diabetes လည်း ဖြစ်ကြပါတယ်။

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်

ဆီးချိုဝေဒနာရှင်တွေက သွေးအတွင်း သကြားဓာတ် မတက်အောင် သကြားအစား ပျားရည်ကို စားသုံးကြပါတယ်။

သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်က ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို လျော့ကျစေပါတယ်။ သစ်ကြမ်းပိုးခေါက်ကိုယ်တိုင်မှာလည်း ဆီးချိုကို ကျစေတဲ့ အာနိသင်တွေပါဝင်ပါတယ်။

သစ်ကြမ်းပိုးခေါက်ကို ပြုတ်လိုက်ပါ။ သစ်ကြမ်းပိုးခေါက်ပြုတ်ထားတဲ့အရည်ကို ခွက်တစ်ခွက်ထဲထည့်ပြီး ပျားရည်ထည့်ကာ နေ့စဉ်သောက်ပေးနိုင်ပါတယ်။

ပျားရည်နဲ့ ဒိန်ချဉ်

ပျားရည်မှာ Probiotics တွေပါဝင်ပြီး အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေအတွက် ဟော်မုန်းတွေကို လုံလောက်စွာထုတ်လုပ်ပေးပါတယ်။ အဲ့ဒီအပြင် သွေးအတွင်း သကြားဓာတ်ကို လျှော့ချပေးပါတယ်။

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကို ဒိန်ချဉ်နဲ့ ရောပြီး စားပါ။ ဗိုက်ထဲမှာ အစာမရှိချိန် သို့မဟုတ် ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆာပြေအစားအစာအဖြစ် စားသုံးလို့ရပါတယ်။

ပျားရည်နဲ့ ပူစီနံ

ပူစီနံခြောက်တွေက ဆီးချိုဝေဒနာရှင်တွေအတွက် သင့်တော်ပါတယ်။ ပူစီနံခြောက်တွေကို ခွက်တစ်ခွက်ထဲထည့်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေပါ။ ပြီးရင် ရေနွေးနွေးလေးကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်ထည့်ပါ။ ပြီးရင်မွှေပြီး ဗိုက်ထဲ အစာမရှိခင်မှာသောက်ပေးပါ။