အူမကြီး ကင်ဆာက ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အူမကြီး ကင်ဆာက အချိန်လွန်သွားတော့မှ သိကြလေ့ရှိပါတယ်။

တခြား ကင်ဆာရောဂါတွေလိုဘဲ အူမကြီးကင်ဆာကလည်း ကျန်းမာရေးကို အလျင်အမြန်ထိခိုက် ဆိုးရွားစေပါတယ်။

အူမကြီးကင်ဆာက အူမကြီးထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပေါ်ပေါက်လာတာဘဲ ဖြစ်ပါတယ်။ ဒီဆဲလ်တွေကြောင့် အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေ မလုပ်ဆောင်နိုင်တော့ဘဲ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေပါ ထိခိုက်လာပါတယ်။

ဒီလို အဖြစ်များတဲ့ အူမကြီး ကင်ဆာကို ကာကွယ်ပြီး၊ ဖြစ်နေရင်လည်း သက်သာနိုင်မယ့် အစားအစာတွေကို ဝေမျှချင်ပါတယ်။

2-ginseng

ဂျင်ဆင်း

ဂျင်ဆင်းကို လက်ဖက်ရည်ကတော့ ရောဂါတော်တော်များများမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။

သူ့မှာ Antioxidants တွေအများကြီးပါဝင်ပြီး ကင်ဆာ ဆဲလ်တွေ ဖြစ်ပွားမှုကို တားမြစ်ပေးပါတယ်။ ဂျင်ဆင်း လက်ဖက်ရည်က ကင်ဆာ ဆဲလ်တွေကို ပျက်စီးသေကြေနိုင်စွမ်း ရှိပါတယ်။

Green Tea

Green Tea မှာ Catechins နဲ့ Epicatechins ကွန်ပေါင်းဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီ ကွန်ပေါင်းဓာတ်တွေက

ခန္ဓာကိုယ်အတွင်း ဓာတ်တိုးပစ္စည်း (Free Radicals) တွေ တည်ရှိနေမှုကို လျော့နည်း ပျောက်ကွယ်အောင်ပြုလုပ်ပေးခြင်း။

ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ကာကွယ်ပေးခြင်း နဲ့

အကြိတ်တွေ မဖြစ်အောင် ကူညီပေးခြင်းတို့ ကို လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် ကော်ဖီအစား Green Tea ကိုနေ့စဉ်သောက်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှုကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးရင် ကိုယ်ခံအားနစ်ကို ကောင်းစေပြီး အူမကြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကင်ဆာဆဲလ်တွေ ပြန့်ပွားတာတွေနဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ ဆဲလ်တွေ ပျက်စီးသွားတာတွေကို ကာကွယ် တားမြစ်ပေးပါတယ်။

ကြက်သွန်ဖြူ အစိမ်းစားရင်ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကုသရာမှာ အရမ်းကောင်းပါတယ်။