ဝိတ်ကျချင်တဲ့သူတွေအတွက် ကယ်လိုရီတွေလျော့ကျပြီး ဝိတ်ပါကျသွားစေမယ့် နည်းလမ်းကောင်းအသစ်လေးကို မျှဝေပေးလိုက်ပါတယ်။ ဒါကတော့ သခွားသီးစွပ်ပြုတ်ပါ။ ဒီတော့ သခွားသီးစွပ်ပြုတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။

သခွားသီးစွပ်ပြုတ်ပြုလုပ်ဖို့ အခွံခွာထားတဲ့သခွားသီး – ၂ လုံး၊ ကြက်သွန်နီအသေး – ၁ လုံး၊ ကြက်သွန်ဖြူ – ၁ တက်၊ နံနံပင် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာတို့ကို ကျေညက်သွားအောင် Blander ထဲထည့်မွှေပါ။ ရလာတာတွေကို အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ပါ။ ပြီးတာနဲ့ ဒိန်ချဉ် – တစ်ခွက်ခွဲစာ၊ သံပုရာရည် – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကိုထည့်ပြီး တည်ထားပေးပါ။

စွပ်ပြုတ်လိုပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး သောက်လို့ရပါပြီ။ ပူတာမသောက်ချင်ရင် ရေခဲသေတ္တာထဲထည့်ထားပြီးတော့လည်း သောက်လို့ရပါတယ်။

Photo Source: www.womensok.com