ပန်းနုရောင်သမ်းပြီး နှင်းဆီဖူးလေးလို လှပတဲ့ နှုတ်ခမ်းလေးတစ်စုံကို မိန်းကလေးတိုင်းက ဆန္ဒရှိကြပါတယ်။ ဒါပေမယ့်လည်း နှုတ်ခမ်းသားတွေ မည်းညစ်ခြောက်သွေ့လာပြီဆိုရင်တော့ ကောင်မလေးတွေအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်လာပါပြီ။

ကဲ… ဒီလိုမျိုးစိတ်ညစ်စရာကောင်းတဲ့ နှုတ်ခမ်းသားမည်းမည်းတွေကို ပျောက်ကင်းစေဖို့ သံပုယိုသီးကို အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

သံပုယိုရည်

ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေကို ကြေစေနိုင်တဲ့ သံပုရာရည်

လောလောလတ်လတ်ညှစ်ထားတဲ့ သံပုယိုရည်အနည်းငယ်ကို နှုတ်ခမ်းသားပေါ်လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးပြီး နာရီဝက်အကြာမှာ ရေနဲ့ဆေးပေးပါ။

သံပုယိုသီးနဲ့သကြား

သကြားက ဆဲလ်သေများနဲ့ အခြားအညစ်အကြေးများကို ဖယ်ရှားပေးရန် ကူညီပေးပါတယ်။

သံပုယိုသီးကို အကွင်းတစ်ကွင်းလှီးလိုက်ပြီး သကြားဖြူးပေးပြီးနောက် နှုတ်ခမ်းပေါ်မှာ မိနစ်အနည်းငယ် ဖြည်းဖြည်းချင်းနှိပ်ပေးပြီးရင် ၁၅ မိနစ်ကြာပြီးသည့်အခါမှာ ရေနဲ့ဆေးပေးနိုင်ပါတယ်။ တပတ်လျှင် သုံးကြိမ်လုပ်ပေးပါ။

သံပုယိုသီး၊ ပျားရည်၊ ဂလစ်ဆရင် (အလှဆီ)

ပျားရည်နဲ့အလှဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီကို သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ၁ ဝက်ကို ရောမွှေပြီး အိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်မှာ ညတိုင်းလိမ်းပေးပါ။ မနက်ရောက်တဲ့အခါမှာ သန့်ရှင်းပေးနိုင်ပါတယ်။

သံပုယိုရည်နဲ့ကြက်ဆူဆီ

လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီကို ရောမွှေပြီး နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်စောင့်ဆိုင်းပြီးလျှင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ အရှင်းမပျောက်မခြင်း တနေ့ ၃ ကြိမ် မှန်မှန်လုပ်ပေးပါ။

သံပုယိုသီးနဲ့ဒိန်ချဉ်

အခြားနည်းလမ်းတွေလိုပဲ တူညီတဲ့ပမာဏနဲ့ သံပုယိုရည်နဲ့ဒိန်ချဉ်တို့ကို ပန်းကန်ထဲရောပြီး နှုတ်ခမ်းပေါ်လိမ်းပေးပါ။ မိနစ် ၂၀ ကြာပြီးလျှင်တော့ ရေအေးနဲ့သန့်ရှင်းပစ်ပါ။ တနေ့တစ်ကြိမ်လုပ်ပေးရန် လိုအပ်ပါတယ်။

သံပုယိုသီးနဲ့သခွားသီး

သံပုယိုရည်နဲ့သခွားသီးအရည်တို့ကို ပမာဏတူညီစွာ ရေစပ်ပြီး နှုတ်ခမ်းပေါ်မှာ ငါးမိနစ်ကြာပွတ်ပေးပါ။ မိနစ် ၂၀ ကြာပြီးရင်တော့ ရေဖြင့် ဆေးချနိုင်ပါတယ်။ တနေ့လျှင်သုံးကြိမ်ထပ်ခါထပ်ခါ လုပ်ပေးပါ။