တနေကုန်ငုတ်တုပ်ထိုင်ပြီး အလုပ်လုပ်ရတဲ့ လူနေမှုဘဝ၊ မကောင်းတဲ့အစားအသောက်အလေ့အကျင့်များ၊ ရေဓာတ်ကုန်ခမ်းခြင်း၊ ကဖိန်းဓာတ်အများအပြားသုံးစွဲခြင်း နှင့် အရက်သောက်သုံးခြင်းတို့က အူရဲ့ လှုပ်ရှားမှုနဲ့ အလုပ်လုပ်တာတွေကို နှောင့်ယှက်ပစ်ရာမှ ဝမ်းချုပ်တာတွေဖြစ်လာရတာပါ။

ဝမ်းချုပ်တာကိုသက်သာဖို့အတွက် ဆေးဝါးတွေသောက်သုံးမယ့်အစား စိတ်ချယုံကြည်ရတဲ့ အိမ်တွင်းနည်းလမ်းလေးတွေကို ပြုလုပ်နိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း (၁) – ကြက်ဆူဆီနဲ့ အချိုရည်

ကြက်ဆူဆီချည်းပဲသောက်သုံးဖို့က အဆင်မပြေနိုင်တဲ့အတွက် ဖျော်ရည်တစ်ခုခုနဲ့ ရောစပ်သောက်သုံးပါ။

စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ရှိတဲ့ ကြက်ဆူဆီကို လတ်ဆတ်တဲ့ လိမ္မော်ရည်တစ်ခွက်ထဲထည့်ပြီး သေချာနှံ့အောင်မွှေပေးပါ။ နှံ့ပြီလို့ထင်ရပြီဆိုရင် ချက်ချင်းသောက်သုံးပေးပါ။ သုံးရက်မှ လေးရက်အထိ မနက်မိုးလင်းချိန် ဗိုက်ထဲအစာမရှိခင်မှာ သောက်သုံးပါ။

နည်းလမ်း (၂) – ကြက်ဆူနဆီနဲ့ နို့

နို့မှာပါဝင်တဲ့ Lactic Acid က အစာအိမ်နဲ့အူလမ်းကြောင်းကို ဖြေသိမ့်ပေးလို့ ဝမ်းချုပ်တာအတွက် အထူးကောင်းမွန်ပါတယ်။

နွေးနွေးလေးဖြစ်နေတဲ့ အဆီမပါသည့် နို့တစ်ခွက်ထဲကို ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ထည့်သွင်းပါ။ သေချာမွှေပေးပြီး ညမအိပ်ခင်သောက်သုံးပေးပါ။ အရှင်းသက်သာသွားတဲ့အထိ တစ်နေ့ကို တစ်ကြိမ် သောက်သုံးပေးပါ။

Credit: FabHow