ဆံပင်ကျွတ်တဲ့ပြဿနာဟာ ဒီကနေ့ အမျိုးသားရော အမျိုးသမီးတော်တော်များများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ဆံပင်ကျန်းမာရေးအတွက်ဆိုရင် သင်စားတဲ့အစားအစာတွေကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။

ပုံမှန်ဆိုရင် ကျွန်မတို့လူသားတွေကို တစ်နေ့ကို ဆံပင် အချောင်း ၁၀၀ လောက်ထိ ကျွတ်ကြပါတယ်။ ဒါဆိုရင်တော့ ဆံပင်အများကြီး ကျွတ်တတ်တဲ့သူဆိုရင် ပိုဆိုးမယ်နော်။

ဒါ့ကြောင့် သင့်ဦးရေပြားနဲ့ ဆံပင်အမြစ် သန်စွမ်းဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒီအတွက် အုန်းရေနဲ့ သံပုယိုသီးကို ပေါင်းစပ်ပြီး ဖြေရှင်းလို့ရပါတယ်။

ပါဝင်ပစ္စည်း

အုန်းရေ တစ်ခွက်

သံပုယိုသီးတစ်လုံး (အရည်ညှစ်ပါ)

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပြီး စပရေးဘူး အလွတ်ထဲ ထည့်ထားလိုက်ပါ။

ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ခွဲပြီး ဆံပင်အမြစ်နဲ့ ဦးရေပြားကို စောစောကထည့်ထားတဲ့ စပရေးကို ဖြန်းပေးလိုက်ပါ။ နှံ့အောင်ဖြန်းပေးပြီးရင် ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ကနေ ၄၀ ထိထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ပြီးရင် ပေါင်းဆေးသုံးပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးပါ။

အရေးကြီးသည့်အချက်

ဒီနည်းလမ်းက သင့်ဆံပင်ကျွတ်တာကို လျှော့ချပေးနိုင်တယ်ဆိုပေမယ့် အစားအသောက်ကိုလည်း ဂရုစိုက်စားပေးသင့်ပါတယ်။ Antioxidant ကြွယ်ဝတဲ့အစားအစာတွေကို စားပေးပါ။ ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပါ။