ကလေးအများစုဟာ အချိုကိုအလွန်ကြိုက်နှစ်သက်တာကြောင့် ချောကလက်၊ သကြားလုံးတို့ကိုပဲ အချိန်တိုင်းစားချင်နေကြပါတယ်။ တခါတလေမှာ စားသုံးတာက ပြဿနာမဟုတ်ပေမယ့်လည်း အမြဲလိုလိုစားသုံးလာပြီဆိုရင်တော့ အခြေအနေတွေပြောင်းလဲလာနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေကို အချိုတွေဆက်တိုက်စားသုံးတာထက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အရာတွေကို ပိုမိုစားသင့်ကြောင့် သေချာထောက်ပြ၊ ရှင်းပြတတ်ဖို့ အလွန်အရေးကြီးပါတယ်။ သည့်အတွက် အောက်ဖော်ပြပါနည်းလမ်းကောင်းလေးတွေက အကူအညီဖြစ်စေနိုင်ရန် မျှော်လင့်ပြီး ဖော်ပြပေးလိုက်ရပါတယ်။

၁။ အစားသေချာဂရုတစိုက်ကျွေးပါ

လူတိုင်းဟာ ဆာလောင်လာပြီဆိုရင် ပိုပြီးတော့ အချိုဓာတ်ကိုစားသုံးချင်လာကြပါတယ်။ ဒါကြောင့် ကလေးတွေကို အစားမစားတာမဖြစ်ရအောင် သေချာဂရုတစိုက်နဲ့ ကျွေးပေးပါ။

၂။ နေ့လည်စာ၊ ညစာကို ကြိုတင်စဉ်းစားထားပါ

ကလေးတွေဟာ သူတို့ရဲ့ နေ့လည်စာ၊ ညစာ ဘာစားရမလဲဆိုတာကို သိထားမယ်ဆိုရင် ကြိုတင်ပြီးသိနေလို့ သိပ်ပြီးငြင်းဆန်မှာမဟုတ်ပါဘူး။ ကြိုတင်မပြောရင်တော့ မစားဘူးဟု အကြောက်အကန်ငြင်းဆန်လာပါလိမ့်မယ်။ ဒါကြောင့် သူတို့ကြိုက်တတ်တာလေးတွေကို ရွေးချယ်ကျွေးပါ။

၃။ စကားအများကြီးမပြောပါနဲ့

တခါတလေ လူကြီးများလိုပဲ ကလေးတွေဟာ သူတို့ကိုမလုပ်နဲ့၊ မစားနဲ့၊ မသွားနဲ့ ဆိုတဲ့အရာတွေကို ပိုပြီးလုပ်ချင်ကြပါတယ်။ ဒါကြောင့် စကားနဲ့ပဲလိုက်ပြီးပြောဆိုနေမယ့်အစား သူတို့လေးတွေစားမယ့်အစားအသောက်ထဲမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အရာတွေကို ထည့်သွင်းကျွေးမွေးပါ။

၄။ အဆန်းအသစ်လေးတွေထွင်ပေးပါ

အကယ်၍ ကလေးတွေက ချောကလက်လိုချင်တယ်ဆိုရင် ကျန်းမာရေးအတွက်ကောင်းမွန်သင့်တော်တဲ့ နည်းလမ်းနဲ့လည်း ကျွေးနိုင်ပါတယ်။ ဆန်းဒဝှစ်ချ်ကို ချောကလက်ယိုစမ်းတာပဲဖြစ်ဖြစ်၊ ချောကလက်အနည်းငယ်ထည့်သွင်းတာပဲဖြစ်ဖြစ် အမျိုးစုံလုပ်နိုင်ပါတယ်။

၅။ နားဝင်အောင်သေချာရှင်းပြပါ

ကလေးတွေကို ကျန်းမာရေးနဲ့ကောင်းမွန်တဲ့အစားအသောက်တွေကို စားစေချင်တယ်ဆိုရင် ထိုအစားအစာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ အချိုတွေအများကြီး စားတဲ့အခါမှာ ကြုံတွေ့လာမယ့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကလေးတွေနားလည်သဘောပေါက်အောင် သေချာရှင်းပြပေးပါ။