ခြေထောက်တဝိုက်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ သွေးကြောထုံးတဲ့ပြဿနာဟာ အခြားနေရာတွေမှာဖြစ်တတ်တဲ့ လက္ခဏတွေနဲ့ အတန်ငယ်ကွာခြားပါတယ်။

သွေးတွေနောက်ပြန်စီးဆင်းလာလို့ သွေးကြောများထဲ စုပုံလာတာကြောင့် ရောင်ရမ်းမှုကိုဖြစ်စေလာတာပါ။ အချိန်အကြာကြီး ထိုင်နေသူ သို့မဟုတ် မတ်တပ်ရပ်နေသူများတွင် အဖြစ်များတတ်ပါတယ်။

ဒီသွေးကြောထုံးမှုတွေဟာ ကျန်းမာရေးကို အန္တရာယ်မဖြစ်စေနိုင်ပေမယ့်လည်း သင့်ကိုအတန်ငယ်တော့ နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးခန်းတွေသွားပြစရာမလိုဘဲ အိမ်မှာသာ အလွယ်တကူ သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း ၁ (သောက်သုံးခြင်း)

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေတစ်ခွက်ထဲရောထည့်မွှေပေးပါ။ ပြီးလျှင်တော့ တနေ့တစ်ကြိမ် အစာမစားခင် သောက်သုံးပေးပါ။

မှန်မှန်သုံးစွဲပေးမယ်ဆိုရင် သွေးကြောထုံးပြဿနာတွေကို ကုသရာမှာ အလွန်အထောက်အကူဖြစ်ပါလိမ့်မယ်။

နည်းလမ်း ၂ (လိမ်းပေးခြင်း)

ရှာလကာရည်ထဲကို ဂွမ်းလုံးနှစ်ပေးပြီး သွေးကြောထုံးနေတဲ့ နေရာတွေမှာ တို့ပေးပါ။ တဘက် သို့မဟုတ် အဝတ်စနဲ့ အုပ်ထားပေးပြီး မိနစ်အနည်းငယ်မျှ ထားပြီးသွားလို့ နာရီဝက်ကြာသွားရင် ခြေထောက်တွေကို ရေဆေးချပေးနိုင်ပါတယ်။

ရောဂါအရှင်းမပျောက်သေးသည်အထိ နေ့စဉ်မှန်မှန်လုပ်ပေးဖို့လိုအပ်ပါတယ်။

နည်းလမ်း ၃ (ပန်းသီးရှာလကာရည်၊ မုန်လာဥနီ နှင့် ရှားစောင်းလက်ပတ်)

မုန်လာဥနီ တစ်ဝက်ကို အတုံးလေးတွေလှီးပြီး ရှားစောင်းလက်ပတ်အနှစ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့်အတူ ကြိတ်စက်ထဲထည့်ပေးပါ။ သေချာကြိတ်ပေးပြီး ပန်းသီးရှာလကာရည်ခွက်တစ်ဝက်ကိုထည့်ပေးပါ။

နောက်တစ်ကြိမ်ထပ်ကြိတ်ပေးပြီး ပျစ်နှစ်သွားပါက သွေးကြောထုံးနေတဲ့ နေရာတွေပေါ်မှာသုတ်လိမ်းပေးပါ။ နာရီဝက်ကြာသွားပါ ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ အရှင်းပျောက်ကင်းသည်အထိ နေ့စဉ်လုပ်ဆောင်ပါ။