မင်္ဂလာပါပျိုမေတို့ရေ။ မျက်ကွင်းညိုလို့ စိတ်ညစ်နေပြီလား။ မျက်ကွင်းညိုနေတဲ့သူကိုတွေ့ရင်တော့ ပင်ပန်းနေသလိုပဲနော်လို့ ပြောမိမှာဖြစ်သလို သူကလည်း ဟုတ်တယ် နည်းနည်းပင်ပန်းနေတယ်လို့ ဖြေကြမှာပါ။ မျက်ကွင်းညိုနေတာနဲ့ လူကို ပင်ပန်းနွမ်းနယ်တဲ့ပုံပေါ်စေပါတယ်။ ဒါဆိုမျက်ကွင်းမညိုအောင် ဒီအချက်လေးတွေကို လိုက်နာလိုက်ရအောင်နော်။

အကြောင်းရင်းကိုသိအောင်လုပ်ပါ။

ဒါဟာ သိပ်ကိုအလုပ်ဖြစ်တဲ့ အရာပါ။ အကြောင်းရင်းကိုသိရမှ ဘယ်လိုကုသရမယ်ဆိုတာ အဖြေရှာလို့ရမှာဖြစ်ပါတယ်။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်လို့ မေမေဖေဖေတို့ မျက်ကွင်းညိုတတ်လားဆိုတာ အရင်လေ့လာကြည့်ပါဦး။

ကြိုတင်ကာကွယ်ပါ။

ရောဂါတစ်ခုခုမဖြစ်ခင်ကြိုတင်ကာကွယ်ဖို့လိုသလိုပဲ ဒီလိုမျက်ကွင်းမညိုအောင်လည်း ကြိုတင်ကာကွယ်သင့်ပါတယ်။ Anti-Aging Cream တွေကိုမျက်လုံးအောက်မှာ အိပ်ယာမဝင်ခင်လိမ်းပေးပါ။

အိပ်ရေး၀၀အိပ်ပါ။

ညအိပ်ရေးမဝတာဟာ မျက်ကွင်းညိုစေတယ်ဆိုတာ  စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။ ညဖက်မှာ အိပ်ရေး၀၀အိပ်ဖို့လိုပါတယ်။

အိပ်ယာမဝင်ခင် မျက်နှာသစ်ပါ။

အိပ်ယာဝင်တော့မယ်ဆိုရင် ငါမျက်နှာသစ်ပြီးပြီလားဆိုတာ သေချာစဉ်းစားပါ။ ဘယ်တော့မှ မိတ်ကပ်လိမ်းရက်သားနဲ့ မအိပ်ပါနဲ့နော်။

နေရောင်ကနေ ကာကွယ်ပါ။

မျက်ကွင်းညိုတဲ့နောက်ထပ်အချက်တစ်ခုက နေရောင်ထိတွေ့ရလို့ပါ။ နေရောင်ချည်ကနေကာကွယ်နိုင်ဖို့ နေကာမျက်မှန်တပ်ထားသင့်ပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ Concealer ကိုသုံးပါ။

Concealer ကောင်းကောင်းကို မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပေးသင့်ပါတယ်။ ဒါဆို ကိုယ်မျက်ကွင်းညိုနေတာကို အကောင်းဆုံး ကာကွယ်ပေးထားနိုင်မှာပါ။

ဗီတာမင် B သုံးပါ။

ဗီတာမင် B ပါတဲ့အစားအစာကို များများစားပေးပြီး ဗီတာမင် B ပါတဲ့ Serum   ကို မျက်လုံးအောက်မှာ လိမ်းပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်ပြီး မျက်ကွင်းညိုတာ သက်သာသွားမှာဖြစ်ပါတယ်။

ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြပါ။

မျက်ကွင်းညိုတာ လုံးဝမပျောက်ဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသဖို့လည်းလိုပါတယ်။

သဘာဝနည်းလမ်းတွေအသုံးပြုပါ။

မျက်ကွင်းညိုတာဟာ သိပ်ကို စိတ်ရှုပ်စရာကောင်းတဲ့အရာပါ။ မျက်ကွင်းညိုတာပျောက်ဖို့အတွက်ဆိုရင် သဘာဝနည်းလမ်းလေးတွေ ကိုအသုံးပြုသင့်ပါတယ်။

MyHealth Myanmar မှာလည်းနည်းလမ်းလေးတွေ ဖော်ပြထားပြီးသားဖြစ်ပါတယ်နော်။ (ဥပမာ× Green Tea ကို မျက်လုံးမှာကပ်တာ၊ သခွားသီးကို မျက်လုံးမှာ ကပ်ပေးတာမျိုး) ဒါပေမယ့် အခြေခံနည်းလေးတွေကိုလည်းမမေ့ပါနဲ့ဦးနော်။ အိပ်ရေး၀၀အိပ်ပါ။ ညတိုင်းမျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ။ မနက်ခင်းကို ရေအေးအေးနဲ့ မျက်နှာသစ်ပါ။