သွားလေးတွေ အမြဲတမ်းဖြူဝင်းနေစေဖို့ ဘာတွေလုပ်ဖို့လိုအပ်တယ်လို့ ထင်ပါသလဲ။ အဓိက သိထားရမှာကတော့ သွားလေးတွေကို ဖြူဝင်းအောင် လုပ်နိုင်တယ်ဆိုတာပါပဲ။ သွားလေးတွေကို အမြဲတမ်းဖြူဝင်းနေစေဖို့အတွက် စာဖတ်သူတို့အနေနဲ့ သွားဘာဖြစ်လို့ဝါရသလဲဆိုတဲ့ အချက်ကို သိထားဖို့လိုပါတယ်။

သွားဘာဖြစ်လို့ဝါရသလဲ။

သွားမျက်နှာပြင်လေးတွေ ဝါလာခြင်းဟာ သွားပိုးပေါက်ဖြစ်ခြင်းရဲ့ လက္ခဏာအစလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မိုက်ခရိုကယ်လ်ဆီယမ်နဲ့ ဖရိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပေးခြင်းကလည်း သွားပိုးပေါက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် သွားဝါတယ်ဆိုတဲ့နေရာမှာ အပြင်ပိုင်းသွားကြွေလွှာလေးတွေဝါတာနဲ့ သွားအတွင်းပိုင်းဝါတာဆိုပြီး (၂) မျိုးရှိပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေကိုသောက်ပေးတာဟာ သွားတွေကိုညစ်ညမ်းစေပြီး သွားလေးရဲ့ အပြင်ပိုင်းသွားကြွေလွှာကိုဝါစေပါတယ်။

သွားလေးရဲ့ အပြင်ပိုင်းသွားကြွေလွှာ ဝါတာကိုတော့ အလွယ်တကူ ပြန်လည်ဖြူဝင်းအောင်လုပ်လို့ရပေမယ့် သွားလေးတွေရဲ့ အတွင်းပိုင်းဝါတာကိုတော့ အလွယ်တကူဖြူဝင်းအောင်လုပ်ဖို့ခက်ခဲပါတယ်။ သွားလေးတွေရဲ့ အထဲမှာ ဒန်တင် (Dentin) လို့ခေါ်တဲ့ သက်ရှိ  တစ်ရှူးလေးတွေနေထိုင်ပါတယ်။ အဲဒီတစ်ရှူးလေးတွေဟာ နောက်ပိုင်းအိုမင်းရင့်ရော်ပြီး သွားတွေဝါစေပါတယ်။ အဲဒီတစ်ရှူးလေးတွေ အိုမင်းမသွားစေဖို့အတွက် ကာကွယ်ထားနိုင်မယ်ဆိုရင် သွားဝါတာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွားအတွင်းက တစ်ရှူးလေးတွေ အိုမင်းရင့်ရော်မသွားစေဖို့ ဘယ်လိုလုပ်မလဲ။

လူတွေအများအားဖြင့် အသက်အရွယ်ကြီးလာတာနဲ့အမျှသွားဝါလာတယ်လို့တွေးထင်ကြပါတယ်။ တကယ်တော့ သွားလေးတွေညစ်ညမ်းလာတာကြောင့်ဘဲ သွားဝါတာမဟုတ်ပါဘူး။ သွားကြိတ်တတ်တာကြောင့် အရွယ်မတိုင်ခင် သွားတွေထဲက တစ်ရှူးလေးတွေ အိုမင်းရင့်ရော်သွားလို့ သွားဝါရတာပါ။

သွားကြိတ်ခြင်း

သွားလေးတွေ မကြာခဏ ကြိတ်တတ်တာဟာ သွားကြွေလွှာကိုထိခိုက်ပျက်စီးစေသလို သွားတစ်ရှူးလေးတွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ အဲဒီလိုသွားခဏခဏ ကြိတ်တတ်ရင် သွားမှာကပ်ပေးတဲ့ အကာလေးတပ်ပြီးအိပ်ပေးပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ တစ်ရှူးလေးတွေ အချိန်မတိုင်ခင် အိုမင်းရင့်ရော်လာတာကိုကာကွယ်ပေးပြီး သွားဝါတာကိုလည်း ကာကွယ်ပေးနိုင်မှာပါ။

အစားအစာ

အာဟာရဓာတ်ညီညွှတ်မျှတစွာမစားပေးတာဟာ သွားလေးတွေကို ထိခိုက်ပျက်စီးစေပြီး သွားဝါစေပါတယ်။ တစ်ရှူးလေးတွေကို အမြန်အိုမင်းရင့်ရော်စေလို့ သွားဝါစေပါတယ်။ ဒါ့ကြောင့်အာဟာရ သင့်တင်မျှတစွာစားပေးတာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာမျိုးလုပ်ပေးမယ်ဆိုရင် သွားလေးတွေရဲ့ အတွင်းပိုင်းက တစ်ရှူးလေးတွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှူးလေးတွေကိုပါ ကျန်းမာစေမှာဖြစ်ပါတယ်။

သွားဆရာဝန်အပါအဝင် လူတွေအများအားဖြင့် သွားလေးတွေ ညစ်ညမ်းစေတာဟာ ဆော့စ်တွေ၊ ပူပူစပ်စပ်အစားအစာတွေ၊ လက်ဖက်ရည်တွေ၊ ဘယ်ရီသီးတွေကြောင့်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သွားလေးတွေ ဖြူဝင်းစေဖို့ အဓိကအရေးကြီးဆုံးဟာ သွားလေးတွေရဲ့ အတွင်းပိုင်းက တစ်ရှူးလေးတွေ ကျန်းမာနေဖို့ပါပဲ။

ဒါ့ကြောင့် Green Tea, ဝိုင်, ဘလူးဘယ်ရီသီးတွေကို စားပေးပါ။ အဲဒီအစားအစာတွေစားပေးပြီးရင်လည်း သွားပြန်တိုက်လိုက်ရင် ပြန်ပြီးဖြူဝင်းစေမှာဖြစ်ပါတယ်။

သင့်ရဲ့ သွားအတွင်းပိုင်းလေးတွေထဲက တစ်ရှူးလေးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ သွားလေးတွေကိုလည်း ဖြူဝင်းစေမှာဖြစ်ပါတယ်။