မြန်မာနိုင်ငံမှာဆိုရင်တော့ ရှေးတုန်းထဲကရေနွေးကြမ်းကိုပဲ အဓိကထားပြီး သောက်သုံးလာကြတာပါ။ အခုနောက်ပိုင်းမှာ ရေဘူးတွေလည်းပေါလာပြီး အလွယ်တကူရနေတာဆိုတော့ ရေနွေးကြမ်းကိုသိပ်ပြီးတော့ မသောက်ဖြစ်တော့ဘူးပေါ့။ တစ်ခါတစ်ရံကြုံတဲ့အခါမှသာ သောက်လိုက်ပြီး ပုံမှန်မသောက်ဖြစ်နေဘူးဆိုရင်တော့ ပုံမှန်သဘောမျိုး နေ့တိုင်းသောက်ပေးနေမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လည်း အကျိုးကျေးဇူးတွေရရှိလာမှာပါ။

အစာချေစနစ်

ရေနွေးက အစာအိမ်ထဲမှာရှိနေတဲ့ အစာတွေကိုကောင်းကောင်း ချေဖျက်ပေးနိုင်ပြီး အစားများတာကြောင့်ဖြစ်တဲ့ အစာမကျေရင်ပြည့်တာတွေကိုလည်း ကာကွယ်ပေးထားနိုင်မှာပါ။

အဆိပ်အတောက်တွေကိုပြေစေ

ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ကလည်း မြင့်တက်လာပြီး ချွေးတွေလည်းထွက်လာတော့တာပေါ့။ ဒီလိုဆိုတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေလည်း ပြေလျော့ပြီး ချွေးထွက်သွားတာကြောင့် အသားအရေကိုလည်း ကြည်လင်လာစေမှာပါ။

သွေးလှည့်ပတ်မှု

ရေနွေးသောက်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်က ပုံမှန်လိုမျိုးဖြစ်သွားပြီး ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကိုလည်း ကောင်းမွန်လာစေပါတယ်။

နာကျင်ကိုက်ခဲမှု

မိန်းကလေးတိုင်းလစဉ်ခံစားနေရတဲ့ period ချိန်တွင်းနာကျင်ကိုက်ခဲမှုတွေကို ရေနွေးသောက်ရင်းနဲ့ အလွယ်တကူသက်သာစေမှာပဲဖြစ်ပါတယ်။ ရေနွေးကနေရတဲ့ အပူချိန်ကကြွက်သားတွေကို လန်းဆန်းစေတာကြောင့် အချိန်ခဏလေးအတွက် နာကျင်မှုတွေကိုသက်သာစေမှာပဲဖြစ်ပါတယ်။

အရွယ်တင်စေ

ရေနွေးကိုနေ့တိုင်းပုံမှန်သောက်ပေးတဲ့အခါမှာ ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကိုလည်း ပြန်ပွင့်သွားစေပြီး မျက်နှာအရေပြားပေါ်မှာရှိနေတဲ့ မကောင်းတော့တဲ့ဆဲလ်တွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေကိုရှင်သန်အောင် လုပ်ပေးနိုင်တာကြောင့် ပုံမှန်ထက်နုပျိုတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Photo Source: Unsplash