ဆံပင်နှင့် အသားအရေတို့ဟာ Melanocytes လို့ခေါ်တဲ့ အသားအရေအတွင်းက ဆဲလ်တွေကြောင့် နဂိုမူလကတည်းက အရောင်တွေရှိကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုဆဲလ်တွေဟာ လုပ်ဆောင်ချက်မှားသွားသည်ဖြစ်စေ၊ သေသွားသည်ဖြစ်စေ ထိုအခါများတွင် အသားအရေပေါ်မှာ အဖြူကွက်တွေပေါ်လာရာမှ ခရုသင်းတွေဖြစ်လာရတာပါ။

ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းမဆိုကို သက်ရောက်မှုရှိနိုင်ပေမယ့်လည်း နေပူနဲ့မကြာမကြာထိတွေ့တဲ့အခါမှာ ပိုအဖြစ်များတတ်ပါတယ်။ အသက်အန္တရာယ်ကို စိုးရိမ်စေလောက်တဲ့အထိတော့ မဟုတ်ပေမယ့် လူတစ်ဦးရဲ့အသွင်အပြင်ကိုတော့ ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် လူကြားထဲသွားဖို့ မဝံမရဲဖြစ်ပြီး အိမ်ထဲကအိမ်ပြင် မထွက်ရဲလောက်တဲ့အထိ မဖြစ်စေရအောင် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း (၁) – အုန်းဆီ

အုန်ဆီကို ခရုသင်းဖြစ်နေတဲ့ အသားအရေပေါ်မှာ တနေ့လျှင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် မှန်မှန်လိမ်းခြံပေးပါ။ ထပ်ဆောင်းအနေနဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းကို စားသောက်မယ့် အစားအစာများနဲ့အတူ ထည့်သွင်းစားသုံးပေးပါ။

စိတ်ရှည်ရှည်နဲ့ မှန်မှန်လုပ်ပေးမယ်ဆိုရင် ၁ လအတွင်းမှာ သိသာလာပါလိမ့်မယ်။

နည်းလမ်း (၂) – ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို အစိတ်အသေးလေးတွေလှီးပြီး အလယ်မှပိုင်းကာ အတွင်းသားကို ခရုသင်းဖြစ်နေတဲ့ အသားအရေမှာ ပွတ်ပေးပါ။ နာရီအနည်းငယ်ကြာထားပြီးရင် ရေနဲ့သန့်စင်ပါ။ ရလဒ်ကောင်းလေးတွေကို မြင်တွေ့နိုင်ဖို့အတွက် ၂ လမှ ၃ လအထိ တနေ့လျှင် သုံးကြိမ် နေ့စဉ်ပြုလုပ်ပါ။

နည်းလမ်း (၃) – ကြက်သွန်နီအရည်

ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၁ ဇွန်းထဲကို ဆားအနည်းငယ်ဖြူးပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဂွမ်းလုံးလေးတွေသုံးပြီး ခရုသင်းနေရာမှာ ပွတ်ပေးပြီး တစ်ညထားပါ။ မနက်ရောက်တဲ့အခါ ရေနှင့်သန့်စင်ပါ။ သိသာလာတဲ့အထိ နေ့စဉ်မှန်မှန်လုပ်ပေးပါ။

နည်းလမ်း (၄) – ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ပုံ ၁ ပုံကို ရေ အချိုးစားညီမျှစွာနဲ့ ပန်းကန်လုံးထဲမှာ ပေါင်းပေးပါ။ ထိုအရည်ထဲကို ဂွမ်းလုံးနှစ်ပြီး ခရုသင်းဖြစ်နေသော အသားအရေပေါ်ကို ပုတ်ပေးပါ။ လေနဲ့ခြောက်သွားအောင် ထားပြီး ၅ နာရီလောက်အကြာမှာ ရေဖြင့်ဆေးကြောနိုင်ပါတယ်။

အသားအရေ နဂိုမူလအရောင်ပြန်ရလာသည်အထိ တစ်နေ့လျှင် နှစ်ကြိမ် မှန်မှန်လုပ်ပေးပါ။

နည်းလမ်း (၅) – ပျားရည်

ပျားရည်ကို လက်နဲ့တို့ပြီး ခရုသင်းနေရာမှာ ပွတ်ပေးပါ။ ထူထူလိမ်းပေးပြီးရင် အသားထဲစိမ့်ဝင်သွားစေဖို့အတွက် မိနစ် ၂၀ ထားပြီး ကြက်သီးနွေး ထရုံမျှရေနဲ့ သန့်စင်ပါ။ အကွက်များပျောက်သွားသည်အထိ တနေ့တစ်ကြိမ် မှန်မှန်လုပ်ဆောင်ပါ။

Credit: FabHow

Featured Image Source: Healthline