ခန္ဓာကိုယ်အတွင်းက အပူချိန်ကို ထိန်းသိမ်းဖို့အတွက် ကိုယ်ခန္ဓာမှသဘာဝအလျောက်တုံ့ပြန်ခြင်းကြောင့် ခြေဖျားလက်ဖျားအေးစက်လာရတာဖြစ်ပြီး အချို့အခြေအနေတွေမှာတော့ သတိမထားမိနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ညွှန်ပြနေနိုင်ပါတယ်။

အေးစက်မှုအပြင် ထုံကျင်မှု၊ အသားအရေတင်းရင်းလာမှုစတာတွေကိုပါ ခံစားလာရနိုင်သည့်အတွက် ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Cayenne ငရုတ်သီး

Source: indianorganic.store

အမှုန့်ကြိတ်ပြီးသား Cayenne ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို လက်အိတ်၊ ခြေအိတ်ထဲထည့်ပြီးဝတ်ပါ။ Capsaicin ဒြပ်ပေါင်းက ခန္ဓာကိုယ်အတွင်းရှိသွေးလည်ပတ်မှုကို တိုးမြှင့်ပေးပြီး ခြေဖျားလက်ဖျားတွေကို နွေးထွေးမှုရှိစေမှာပါ။

ဂျင်း

Source: Joyous Health

အစားအသောက်ရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး သွေးခဲမှုတွေကို ကာကွယ်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း အနွေးဓာတ်ပေးစွမ်းနိုင်ပါတယ်။ ဂျင်းပြုတ်ရည်နှင့် ရေချိုးပေးခြင်းနည်းလမ်းနှင့် ဂျင်းရေနွေးကြမ်းသောက်သုံးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ခြေဖျားလက်ဖျားအေးစက်မှုကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ

Source: Rodale Wellness

ကြက်သွန်ဖြူ ၄ မြွှာ ၅ မြွှာကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်းကလည်း ခြေထောက်လက်ထောက်အေးတာတွေကို ပျောက်ကင်းစေပါတယ်။

လေ့ကျင့်ခန်း

Source: unsplash.com

အေးစက်နေတဲ့ လက်နဲ့ခြေထောက်ကို ကုသဖို့နောက်ထပ်နည်းလမ်းတစ်ခုကလည်း လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို သဘာဝအတိုင်း နွေးထွေးအောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်း အားကောင်းစေတာကြောင့် တစ်နေ့လျှင် အနည်းဆုံးအနေနဲ့ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ပေးပါ။

အိုမီဂါ သရီး ကြွယ်ဝသော အစားအစာများ

Source: 3sporta.com

အိုမီဂါသရီး ဖက်တီးအက်စစ်ဓာတ်က သွေးလွှတ်ကြောများကို သန့်ရှင်းရာတွင် အလွန်အထောက်အကူဖြစ်တာကြောင့် ငါး၊ မက်ကရယ်ငါး၊ ဆယ်လ်မွန်တို့လို ငါးတွေကို များများစားသုံးပေးပါ။

နှိပ်ပေးပါ

Source: completewellbeing.com

ညဖက်အချိန်တွေမှာ ခြေထောက်တွေအေးတာကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းက နှိပ်နယ်ပေးခြင်းပါ။ ညအိပ်ရာမဝင်ခင် သံလွင်ဆီ သို့မဟုတ် နှမ်းဆီနွေးနွေးလေးဖြင့် ခြေထောက်ကို နှိပ်နယ်ပေးပါ။ ပြီးလျှင် ခြေထောက်ကို ချည်သားခြေအိတ်များစွပ်အိပ်ပါ။

မြက်ခင်းပြင်ပေါ်လမ်းလျှောက်ခြင်း

Source: shutterstock.com

မနက်စောစောအချိန်မှာ မြက်ခင်းပြင်ပေါ်လမ်းလျှောက်ပေးခြင်းက ခန္ဓာကိုယ်အတွင်းမှ အပူကိုထုတ်လုပ်ပေးနိုင်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။

သစ်သီးဖျော်ရည်

Source: SIA

တရုတ်ဆီးသီး၊ သစ်တော်သီး၊ ချယ်ရီ၊ စပျစ်၊ ခရမ်းချဉ်သီး တို့လို အသီးတွေကို အရည်ဖျော်ပြီး သောက်သုံးပေးခြင်းကလည်း အေးစက်နေတဲ့ လက်နဲ့ခြေထောက်တို့ကို သဘာဝအတိုင်း သက်သာစေနိုင်ပါတယ်။

Green Tea

Source: kuzhinaonline.com

ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်အားကောင်းစေတဲ့ Green Tea ကို ဂျင်းထည့်ပြီး တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ် သောက်သုံးပေးပါ။