ရာသီဥတုအပြောင်းအလဲမှာ နာမကျန်းဖြစ်ကြတာကများပါတယ်။ ကလေးတွေဆိုရင် ဒါတွေကိုပိုလို့တောင်ခံစားရပါသေးတယ်။ လူကြီးတွေမှာတော့ ရာသီဥတုပြောင်းလဲတာကြောင့် လည်ချောင်းနာတယ်ဆိုတာ အဖြစ်နည်းတယ်ဆိုပေမယ့် အသက် ၅ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးတွေမှာ ပိုပြီးတော့ဖြစ်လေ့ရှိတာကို တွေ့ရပါတယ်။

ဒီတော့ ကိုယ့်အိမ်ကကလေးတစ်ယောက် လည်ချောင်းနာတာကိုခံစားနေရပြီဆိုရင် လျှင်မြန်စွာသက်သာစေဖို့ နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

ဆားရည်နဲ့ပလုပ်ကျင်းခိုင်းပါ

ရေနွေးနွေးလေးထဲကို ဆားထည့်ဖျော်ပေးပြီး ပါးစပ်ထဲမှာငုံခိုင်းထားလိုက်ပါ။ ခဏနေပြန်ထွေးထုတ်ပြီး နောက်ထပ်တစ်လုပ် ထပ်ငုံပါ။ ဒီနည်းလမ်းတိုင်း တစ်နေ့ကိုသုံးကြိမ်ပုံမှန်လေး လုပ်ပေးသွားမယ်ဆိုရင် လည်ချောင်းနာတာတွေကို သက်သာသွားစေမှာပဲဖြစ်ပါတယ်။

ရေနွေးပဲသောက်ခိုင်းပါ

ရေသောက်မယ်ဆိုရင် ရေအစား ကျိုချက်ထားတဲ့ ရေနွေးနွေးလေးကိုသောက်ပေးတာက လည်ချောင်းနာနေတဲ့အချိန်မျိုးတွေမှာ ခံစားရတဲ့နာကျင်မှုတွေကို လျော့နည်းသက်သာစေနိုင်ပါတယ်။

ရေချိုးမယ်ဆိုရင်

ဖျားတာမဟုတ်တဲ့အတွက်ကြောင့် ရေချိုးပေးဖို့တော့လိုပါလိမ့်မယ်။ ဒါပေမယ့် ရေအေးနဲ့ချိုးတာကိုရှောင်ပြီး ရေနွေးနွေးလေးနဲ့ပဲ ရေချိုးတာမျိုးကိုလုပ်ပေးသင့်ပါတယ်။ ရေနွေးရဲ့အပူဓာတ်က ခန္ဓာကိုယ်ကိုအပူချိန်မ ျှတသွားစေပြီး လည်ချောင်းနာနေတဲ့အချိန်မျိုးမှာ လုပ်ပေးသင့်ဆုံးပါ။

ပျားရည်ကိုသောက်ပေးမယ်ဆိုရင်

တစ်နှစ်အရွယ်ကလေးငယ်လေးတွေအနေနဲ့လည်း လည်ချောင်းနာတဲ့ဝေဒနာကို ခံစားနေရပြီဆိုရင် ရေနွေးနွေးလေးထဲမှာ ပျားရည်ကိုရောဖျော်ပြီး သောက်ခိုင်းတာမျိုးဆိုရင်လည်း လည်ချောင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး လည်ချောင်းနာတာကိုလည်း သက်သာလာစေမှာပဲ ဖြစ်ပါတယ်။

Photo Source: Pinterest