တချို့တွေက အသားအရေကိုဂရုစိုက်ကြပေမယ့်လည်း ခြေထောက်အသားအရေကိုတော့ ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ မျက်နှာနဲ့ လက်ကိုပဲ ဦးစားပေးဂရုစိုက်တတ်ကြပါတယ်။ ဒါကြောင့် ခြေထောက်အသားအရေ ခြောက်သွေ့တာတွေကို သက်သာစေမယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလတ်ပတ်ဂျယ်လ်

ရှားစောင်းလတ်ပတ်ဂျယ်လ်ကို နေ့တိုင်းလိမ်းပေးရင် ခြောက်သွေ့နေတဲ့အသားအရေက စိုပြည်လာစေပါတယ်။

Almond Oil

Almond Oil ကို ညအိပ်ယာဝင်ခါနီးတိုင်း ခြေထောက်မှာလိမ်းပေးရင် ကြမ်းတမ်းခြောက်သွေ့နေတဲ့အသားအရေက နူးညံ့စိုပြည်လာစေပါတယ်။

သခွားသီးအရည်

သခွားသီးကို ပါးပါးလေးတွေလှီးကာ အရည်ညှစ်ချပြီး ရလာတဲ့အရည်ကို ခြောက်သွေ့နေတဲ့ ခြေထောက်အသားအရေမှာလိမ်းပေးရင် စိုပြည်တဲ့အသားအရေကို ရရှိလာစေပါတယ်။

အုန်းဆီနဲ့ သကြား

အုန်းဆီနဲ့ သကြားကိုရောပြီး Scrub လုပ်ပေးရင်လည်း ကြမ်းတမ်းနေတဲ့ ခြေထောက်အသားအရေက စိုပြည်လာစေပါတယ်။

Photo Source: www.womensok.com