Gym ဆော့တယ်ဆိုတာ လွယ်လွယ်လေးလို့မတွေးလိုက်ပါနဲ့။ ကိုယ်အလေးချိန်ကျချင်လို့သွားဆော့တာပဲဖြစ်ဖြစ်၊ အလေးချိန်တက်ချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးလိုက်စားချင်တာကြောင့်ပဲဖြစ်ဖြစ် Gym သွားဆော့တဲ့အခါမှာ ခန္ဓာကိုယ်ကိုအားကိုးပြီးဆော့ရတာဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွက် အားပြန်ဖြည့်ပေးဖို့လိုအပ်လာပါပြီ။ Gym သွားဆော့တဲ့အခါမှာ ကုန်ခမ်းသွားတဲ့အားအင်တွေ ပြန်လည်ပြည့်ဝဖို့ထည့်သွားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ကင်

ကြက်သားမှာ ပရိုတင်းဓာတ်တွေများစွာပါဝင်ပြီး ဗီတာမင်ဘီဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် ခန္ဓာကိုယ်ဖွဲစည်းပုံကိုထိန်းထားနိုင်ဖို့ စားပေးသင့်တဲ့အရာပဲဖြစ်ပါတယ်။ ကြက်ကြော်မဟုတ်ပဲ ကင်ထားတဲ့ကြက်သားကို အသီးအရွက်လေးတွေနဲ့ သေချာပြင်ဆင်ပြီး စားဖို့လိုပါတယ်နော်။

ကန်စွန်းဥ

Gym ဆော့တဲ့အခါမှာ ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ပြည့်ဝစေဖို့အတွက်ဆိုရင် ကန်စွန်းဥကိုစားပေးဖို့ပြင်ဆင်သွားသင့်ပါတယ်။ ကန်စွန်းဥမှာလည်း ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့ အင်အားတွေကို ပြန်လည်ပြည့်ဝစေနိုင်ဖို့ အာဟာရတွေပြည့်စုံနေတာကြောင့် Gym ဆော့ပြီးရင်စားပေးဖို့ လိုပါတယ်နော်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ ကြွက်သားနာကျင်မှုတွေကို လျော့နည်းစေနိုင်တဲ့ Omega 3 Fatty Acid တွေပါဝင်နေတာကြောင့် ကြိုက်နှစ်သက်သလိုပြင်ဆင်ပြီး စားပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်ကောင်းကောင်းအင်အားဖြစ်စေတာကြောင့် ပြင်ဆင်သွားသင့်တယ်နော်။

ငှက်ပျောသီး

ငှက်ပျောသီး ကလည်း gym ဆော့ပြီးသွားတဲ့အချိန်တွေမှာ အင်အားပြန်ဖြစ်စေဖို့ အထောက်အကူပြုတာကြောင့် စားဖို့အတွက်ထည့်ကိုထည့်သွားပေးသင့်ပါတယ်နော်။

Photo Source: Pexels