ဝိတ်လျှော့ချချင်လို့ ညစာမစားတဲ့သူတွေ အစားလျှော့တဲ့သူတွေရှိကြပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားလျှော့ စားစရာမလိုပါဘူး။ ပိုကောင်းအောင် အာဟာရပိုပြည့်ဝအောင် မှန်မှန်ကန်ကန်စားဖို့ပဲလိုပါတယ်။

၁။ မနက်စာမစားဘဲ ဘယ်တော့မှမနေပါနဲ့။

healthy-breakfast-136397701299503901-150422160102

မနက်စာမစားဘဲနေတာဟာ ကိုယ်အလေးချိန်ကျစေမယ်လို့ လူတွေတော်တော်များများ ထင်မြင်ယူတကြပါတယ်။ တကယ်တော့မမှန်ပါဘူး။ မနက်စာမစားတာဟာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေမရဘဲ ဖြစ်သွားမှာပါ။ မနက်စာကို အသီးအနှံနဲ့ ဗိုက်ပြည့်စေတဲ့ အစားအစာတွေ စားပါ။

၂။ ခဏခဏစားပါ။

how-often-should-i-eat

ဗိုက်စာရင် အစာမခံပါနဲ့ စားပေးပါ။ စားတဲ့အခါမှာ နည်းနည်းနည်းနည်းနဲ့ ခဏခဏ စားပေးပါ။

၃။ အစားပုံမှန်စားပါ။

တစ်ချို့တွေက မနက်စာမစားတာ နေ့လည်စာမစားတာ ညစာမစားတာမျိုးလုပ်တတ်ပါတယ်။ အခုလိုအစာအစားတာက သင့်ကို ဝိတ်ပိုတက်စေပါတယ်။ အစးပုံမှန်စားရင် ဝိတ်မတက်ပါဘူးနော်။ အစားပုံမှန်စားဖို့ဘဲမဟုတ်ဘဲ သင်စားတဲ့အစားအစာမှာ သကြားတို့ ထောပတ်တို့ စတဲ့အစားအစာတွေ ရှောင်ပါ။

၄။ အသီးအနှံပိုစားပေးပါ။

Eat-Frequently

အသားတွေထက် အသီးအရွက်တွေ များများစားပေးပါ။ အမျှင်ဓါတ်များများပါဝင်တဲ့ အသီးအနှံများများစားတာဟာ သင့်ကို ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးမှာပါ။

၅။ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာစားပါ။

အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး အဆီပိုတွေကို ချေဖျက်ပေးမှာပါ။ အမျှင်ဓါတ်ပါဝင်တဲ့အစားအစာတွေဟာ သင့်ကိုလည်း ဗိုက်ပြည့်စေလို့ အစားများများစားမိတာမျိုး မဖြစ်အောင်ကူညီပေးမှာပါ။

၆။ သရေစာမစားပါနဲ့။

သရေစာ အမြန်စားအစားအစာတွေ မစားပါနဲ့။ အဲဒီလိုစားတာဟာ သင့်ခန္ဓာကိုယ်အတွင်း အဆီပို ပိုဖြစ်စေပါတယ်။ ချောကလက်တို့၊ ဘာဂါတို့၊ ကိတ်တို့ အပါအဝင် တခြားသကြားပါဝင်မှုများတဲ့ သရေစာမစားပါနဲ့။

၇။ အရက်ရှောင်ပါ။

အရက်မသောက်ပါနဲ့။ အရက်သောက်တာဟာ သင့်ကို ကိုယ်အလေးချိန်တက်စေပါတယ်။

၈။ အိပ်ရေး၀၀အိပ်ပါ။

 

အိပ်နေစဉ်အချိန်မှာပါ ပိုမိုလှပလာစေမယ့် နည်းလမ်း (၈) ခု

တစ်နေ့ကို ၈ နာရီ ၉ နာရီလောက်အိပ်ပါ။ အိပ်ရေးဝမှ အသားအရေလှပြီး ကိုယ်အလေးချိန်ကျဖို့လည်း ကူညီပေးပါတယ်။

၉။ ပန်းကန်သေးသေးနဲ့ ပြောင်းစားပါ။

ကိုယ်စားနေတဲ့ ပန်းကန်အရွယ်အစားနေရာမှာ ပန်းကန်သေးသေးပြောင်းသုံးပြီး အဲဒီအတိုင်းစားပေးပါ။ အသီးအရွက်များများ ထည့်စားပါ။

၁၀။ ရေသောက်ပါ။

01-Here%u2019s-Why-You-NEED-to-Drink-Water-524154682_fizkes

တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်ထိသောက်ပေးပါ။ ခန္တာကိုယ်မှာ ရေဓါတ်ပြည့်ဝမှ သင့်ခန္ဓာကိုယ်အတွက်ကောင်းမွန်သလို ကယ်လိုရီလည်း ကျစေပါတယ်။ အစာအစားခင်မှာ ရေ တစ်ခွက်အပြည့်သောက်ပေးပါ။