အသီးအရွက်တွေက အသားအရေ စိုပြေလှပဖို့ စားပေးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အသားအရေ စိုပြေလှပဖို့ အဓိက စားသုံးပေးသင့်တဲ့ အစားအစာတွေကို ဝေမျှချင်ပါတယ်။

ဘလူးဘယ်ရီ

Source: Unsplash

ဘလူးဘယ်ရီ အသီးမှာ antioxidants တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင် A နဲ့ C တို့ပါဝင်ပါတယ်။ ဒီဓာတ်တွေက သင့်အသားအရေကို စိုပြေလှပဖို့ ကူညီပေးနိုင်ပါတယ်။

ပန်းသီး

Source: Science Friday

ပန်းသီးက အသားအရေ လှပဖို့အတွက် အကောင်းဆုံး အသီးထဲမှာပါဝင်ပါတယ်။ ငယ်ရွယ်တဲ့ အသားအရေအတွက်ဆိုရင် အနီရောင်ပန်းသီးကို ရွေးချယ်ပေးသင့်ပါတယ်။ အနီရောင်ပန်းသီးမှာ collagen ဓာတ်တွေအများကြီးပါဝင်တာကြောင့် အသားအရေအတွက် ကောင်းပါတယ်။

ဖရဲသီး

Source ;medicalnewstoday.com

နွေရာသီဆိုရင်တော့ ရေငတ်တာနဲ့ ဖရဲသီးများများ စားလေ့ ရှိပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်ပြီး အသားအရေကို စိုပြေစေပါတယ်။

ငှက်ပျောသီး

Source: Harvard TH Chan School – Harvard University

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဒါဟာ အသားအရေ ကြည်လင် လှပဖို့ အရေးကြီးပါတယ်။ အသားအရေ ခြောက်ကပ်တာဟာ ပိုတက်ဆီယမ်ဓာတ် ချို့တဲ့တာဖြစ်တာကြောင့် ငှက်ပျောသီးကို နေ့တိုင်းစားပေးသင့်ပါတယ်။

နာနတ်သီး

Source: snaped.fns.usda.gov

နာနတ်သီး က ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးအဖြစ် နှစ်ပေါင်းများစွာ နိုင်ငံတော်တေ်ာများများရဲ့ တိုင်းရင်းဆေးတွေထဲမှာ သတ်မှတ်ထားကြပါတယ်။ သူ့မှာ Bromelain ဆိုတဲ့ အင်ဇိုင်းဓာတ်ပါဝင်တာကြောင့် မျက်နှာဖောင်းတာတို့ ရောင်ရမ်းတာတို့ကို သက်သာစေပါတယ်။

စတော်ဘယ်ရီ

Source: SNAP-Ed Connection – USDA

စတော်ဘယ်ရီ အနီရောင်တွေမှာ Ellagic အက်ဆစ်ဓာတ်တွေ ပါဝင်ပြီး UV ကြောင့် အသားအရေ ပျက်စီးတာနဲ့ အရေးအကြောင်းတွေကို ပျောက်စေပါတယ်။

သင်္ဘောသီး

Source: exportersindia.com

သင်္ဘောသီး မှာ ဗီတာမင် အေ နဲ့ Papain အင်ဇိုင်းဓာတ်တွေ ပါဝင်တာကြောင့် ဆဲလ်အသေတွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

ကီဝီသီး

Source: Unsplash

ကီဝီသီးမှာ ဗီတာမင် စီတွေ အများကြီး ပါဝင်ပြီး လန်းဆန်းတက်ကြွှမှု ကို ဖြစ်စေပါတယ်။

ချယ်ရီသီး

Source: sobeys.com

ချယ်ရီသီးမှာ Antioxidants ပါဝင်မှုက တခြား အသီးတွေထက်ပိုများတာကြောင့် ပျက်စီးနေတဲ့ ဆဲလ်တွေကို ကုသပေးနိုင်ပါတယ်။ ဒါကြောင့် ရုပ်ရင့်တာတွေကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။

Featured Image Source: Healthline