ဘာရောဂါဖြစ်ဖြစ် ဘာရှောင်ရမလဲ၊ ကင်ဆာဖြစ်တာ ဘာစားရမလဲ စသဖြင့် အစားအသောက်အကြောင်းကို အမြဲလိုလို မေးကြတယ်။

ကိုယ်ဝန်ဆောင်မှာ ရှောင်စရာတွေလည်း အမေးများတယ်။ ဗီတာမင်ဘီဝမ်း ချို့တဲ့သူမျိုးက ဘာစားရမလဲကို သေချာမမေးပါ။ အဲတာတွေဟာ အစာအာဟာရကို တန်ဖိုးထားမှုမှာ ကမောက်ကမဖြစ်နေတာတွေ လိုတာကိုမလုပ်ခြင်းနဲ့ မလိုတာကိုလုပ်ခြင်းတွေက မသင့်ပါ။

သွေးတိုးသမားနဲ့ ဆီးချိုသမားတွေ အစားအသောက်သာမက အနေအထိုင်ပါ သတိထားရတာ နေ့စဉ်နေ့တိုင်း စားတဲ့ အနပ်တိုင်းပါ။ ဒီရောဂါ ၂ မျိုးမှာ ရှောင်ရတာက မတူကြပါ။

သွေးတိုးက အငန် ဆိုဒီယမ်။ ဆီးချိုက အချို သကြားဓါတ်။ အငန်ရှောင်ရတဲ့သူက ဗီတာမင်တွေရှောင်ဖို့ မလို၊ ပရိုတင်းဓါတ်ကို ရှောင်ရန်မလို။ မရှောင်ရမှာကို ရှောင်ရင်တော့ ဗီတာမင်ချို့ယွင်းတာမဖြစ်စေနိုင်တယ်။ အတော်များများမှာ အဲဒီရောဂါ ၂ မျိုးလုံးရှိနေတယ်။

မေးခွန်းပါ ဆယ်ရီဘရယ်ဆိုတာ ဦးနှောက်။ ဉာဏ်ရည်ချို့ယွင်းတဲ့ကလေးလို့ မေးပုံရတယ်။ မဟုတ်ရင် ပြန်ပြောပါ။ မွေးစကလေးတွေ ဖွံ့ဖြိုးမှုမစုံတာတွေထဲမှာ ဦးနှောက်၊ အာရုံကြောနဲ့ဆိုင်တာတွေပါတယ်။ အများကြီး။ မေးခွန်းက မတိကျလို့ ယေဘုယျပဲပြောပါမယ်။

အော်တဇင် ဆိုတာရှိတယ်။ စီပီ ဆိုတာရှိတယ်။ ဒေါင်းဆင်ဒရုမ်း ဆိုတာရှိတယ်။ အဲတာတွေက မျိုးဗီဇချို့ယွင်းတာတွေ။ အစာအာဟာရနဲ့ မဆိုင်။ ဆိုဒီယမ်ဓါတ် လျှော့စားတာနဲ့ မဆိုင်။ ကိုယ်ဝန်မှာ ဖေါလစ်အက်စစ်သာ ကလေးဦးနှောက်ဖြစ်ထွန်းချိန်မှာ လိုပါတယ်။

မွေးရာပါ ခါးရိုးဆစ်မလုံတဲ့ စပိုင်နာဘိုင်ဖစ်ဒါ၊ မွေးရာပါနှလုံးရောဂါ၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲတို့ကလည်း အဲဒီသဘောပဲ။ မွေးကင်းစကလေး အသားဝါခြင်း အဖြစ်မနည်းလှပါ။

ဂျွန်းဒစ် ခေါ် အသားဝါက မျက်စိနဲ့မြင်ရတဲ့ နေရာသာမက အတွင်းထဲမှာ တကိုယ်လုံး ဝါနေတာလို့သိရမယ်။ ဦးနှောက်ဝါလို့ ဦးနှောက်ချို့ယွင်းမှု ဖြစ်စေနိုင်တယ်။ အစားအသောက်နဲ့ မဆိုင်ပါ။ ဂျီစစ်ပီဒီ အစာရှောင်ခဲ့လိုမဖြစ်။ ဖြစ်မှာသာ ရှောင်စရာရှိတယ်။

ဗီတာမင်တမျိုးမျိုးချို့တဲ့သူဟာ တခြားဗီတာမင်ဖြစ်ဖြစ်၊ တခြား အာဟာရဓါတ်ဖြစ်ဖြစ် နည်းနေတာပါရှိတတ်တယ်။ အစားအသောက်ရဲ့ အခြေခံယူဆချက်ကလွဲမှားနေလို့။ မစားတတ်လို့။ မစားနိုင်လို့လည်း အဲလိုဖြစ်နိုင်ပါတယ်။

သွေးတိုးရှိနေသူ ကိုယ်အလေးချိန်ပါများရင် အဆီဓါတ်နဲ့ ကယ်လိုရီများတဲ့ အစာတွေ ရှောင်ရတယ်။ ကိုလက်စထော ရှောင်ရတယ်။ အဲလိုလူတွေသာ အိုမီဂါလိုတယ်။ ကိုယ်ဝန်ဆောင်တိုင်း အိုမီဂါ မလိုပါ။ သွေးတိုးရှိနေသူ သကြားဓါတ် ခေါ် ကယ်လိုရီများတာ မသင့်ပါ။

ကယ်လိုရီနည်းအောင်းစားခြင်းကနေ အထဲက ကလေးဦးနှောက်ကို မထိခိုက်စေပါ။ နေ့စဉ် နေ့တိုင်း အင်နာဂျီ ခေါ် လှုပ်ရှားသွားလာမှုအတွက်သာ ကယ်လိုရီလိုတယ်။ မိခင်မှာ တော်တော်တန်တန် အာဟာရ နည်းပေမယ့် ကလေးဆီကို လိုတာရောက်တယ်။ နို့တိုက်နေတဲ့မိခင်မှာလည်း အဲလိုပဲ။

ကျန်းမာရေးအသိမှာ ဝေါဟာရတွေက ခေါင်းရှုတ်စရာတော့ ဟုတ်တယ်။ ဒါပေမဲ့ ကွန်မောင်းဆင်စ် ခေါ် အခြေခံကျကျ ရိုးစဉ်းလှတဲ့အသိကို ယူတတ်ရင် မခက်လှပါ။ လူအများစားသုံးတာတွေ သင့်တယ်။ ကိုယ်တသက်လုံး စားလာတွေ သင့်တယ်။ အဆန်းတွေ မသင့်။ ကြော်ငြာတာတွေ သတိထားသင့်။

တယောက်နဲ့တယောက်တော့ မတူတာရှိတယ်။ တယောက်တည်းမှာ တချိန်နဲ့တချိန် မတူတာရှိတယ်။ ၉၆ ပါး ကောင်းတယ်ဆိုတာ မရှိပါ။ သူ့မတည့်လို့ ကိုယ်လည်းမတည့် မဟုတ်။

ကနေ့ခေတ်မှာ တားဂက် ခေါ် ပစ်မှတ်တိတိကျကျ ရွေးပြီး စစ်တိုက်နည်းသာမက ဆေးကုနည်းပါ ပေါ်လာပြီ။ ဆေးကို လူနာတဦးချင်းအတွက် စီမံထုတ်လုပ်ပေးနည်း ပေါ်လာပြီ။