ခေါင်းလျှော်တာပဲ ဒီလိုပဲလျှော်မှာပေါ့လို့ တွေးမိကြပါလိမ့်မယ်။ ဆံပင်ကျွတ်တာဟာ ခေါင်းလျှော်ပုံမမှန်တာကြောင့်လည်း ပါပါတယ်။

ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး (သို့) ပေါင်းဆေးများများသုံးခြင်း

ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး (သို့) ပေါင်းဆေး များများသုံးတာဟာ ဆံသားအတွက်ကောင်းမွန်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာမမှန်ပါဘူး။ အတန်အသင့်ပဲသုံးပါ။

ရေနွေးနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ အမြဲတမ်းလိုလိုခေါင်းလျှော်တာက ခေါင်းလျှော်ပြီး မကြာခင်မှာ လူကို အိပ်ပျော်စေပါတယ်။ ဒါ့အပြင် ရေနွေးဟာ ဆံပင်ပေါက်တဲ့ Follicle လေးတွေကို ထိခိုက်စေလို့ ဆံပင်ကျွတ်စေပါတယ်။ ရေနွေးအစား ရေ အေးနဲ့ စပ်ပြီးလျှော်ပေးပါ။

တဘက်နဲ့ ဆံပင်သုတ်ခြင်း

တဘက်နဲ့ ဆံပင်သုတ်တာကို လူတိုင်းလုပ်ကြပါတယ်။ တဘက်နဲ့ ဆံပင်ကို ခပ်ကြမ်းကြမ်းသုတ်မဲ့အစား ရှပ်အိကျီ ၤအဟောင်းကို သုံးပေးပါ။ ဆံပင်ကျွတ်တာ သက်သာပါလိမ့်မယ်။

ခေါင်းလျှော်နေစဉ်အတွင်း နှိပ်နယ်ခြင်း

ခေါင်းလျှော်နေစဉ်မှာ နှိပ်နယ်ပေးတာမျိုး လုပ်တတ်တဲ့အကျင့်ရှိပါသလား။ ဒါဆို ရပ်လိုက်ပါနော်။ ဒီလိုလုပ်တာက ခေါင်းလျှော်ရည်ကို ပိုပြီးထိရောက်စေတယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒါဟာ ဆံသားတွေကို အားနည်းစေပြီး ဆံပင်ပိုကျွတ်စေပါတယ်။ နှိပ်နယ်မယ်ဆိုရင်လည်း ခပ်ဖွဖွ နှိပ်ပေးသင့်ပါတယ်။

ခေါင်းရေစိုနေစဉ် ခေါင်းဖီးခြင်း

ရေစိုနေစဉ်မှာ ခေါင်းဖီးတာက ဆံပင်ကို သိသိသာသာ ပိုကျွတ်စေပါတယ်။ ခေါင်းလျှော်နေစဉ်မှာလည်း တချို့က ခေါင်းဘီးသုံးတတ်ပါတယ်။ ခေါင်းဘီးအစား လက်နဲ့သာ ဆံပင်ကို သပ်ချပေးပါ။