ဆီးချိုသမားများအတွက် အဓိကဦးစားပေးအချက်မှာ မိမိစားသုံးမည့်အစားအစာတွင် သွေးချိုနှုန်းအပေါ်သို့ အကျိုးသက်ရောက်မှုအများဆုံးရှိနိုင်သော ကာဘိုဟိုက်ဒရိုတ် မည်မျှပါဝင်သလဲဆိုတာကို အစဉ်အမြဲသတိထားစစ်ဆေးပေးရပါမယ်။ ထို့ကြောင့် မည်သည့်အစားအစာများကို စားသုံးပေးသင့်ပြီး မည်သို့သောအစားအသောက်များကို လျော့ချပစ်ရမလဲသိရှိနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။

ဖိုက်ဘာများများပါတာ စားပါ။

ဆီးချိုသမားများအတွက် ဖိုက်ဘာများများပါဝင်သည့် အစားအစာများကို ရွေးချယ်စားရန်လိုအပ်ပါတယ်။ ဖိုက်ဘာသည် အစာချေရာတွင် အဓိကကျသကဲ့သို့ နှလုံးရောဂါဖြစ်မည့် အန္တရာယ်ကို လျော့နည်းစေသည့်အပြင် သွေးချိုမှုနှုန်းကိုလည်း တိုးစေမည်မဟုတ်ပေ။

ရှောင်ရမည့် Grains

ကိတ်မုန့်၊ ဘီစကွတ်၊ ပိုင်မုန့်၊ ဂျုံ၊ ရိုင်းဂျုံ၊ မုယောစပါး၊ ပြောင်းဖူး၊ ဆန်၊ ပေါင်မုန့်၊ ပါစတာ၊ အဆာသွတ်မုန့်။

ရှောင်ရမည့်ဟင်းသီးဟင်းရွက်များ

အာလူး၊ မုန်လာဥနီ၊ ပဲစိမ်း၊ ပဲစေ့၊ ရွက်စားမုန်လာပင် စသော ကစီဓာတ်များသည့် ဟင်းသီးဟင်းရွက်များ။

ရှောင်ရမည့် သစ်သီး

ဖရဲသီး၊ သရက်သီး၊ ငှက်ပျောသီး၊ ပိန္နဲသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ကြံ၊ သြဇာသီး။

ထို့အပြင် ဆား၊ စည်သွတ်အသားများ၊ စည်သွတ်ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုရည်များ၊ ငန်သည့်အစာပြေအစာများကဲ့သို့ သွေးတိုးစေမည့် ဆိုဒီယမ်များများပါသော အစာများကိုလည်း ရှောင်ကျဉ်ပါ။

ဆီးချိုသမားများစားရမည့်အစာများ

ဖိုက်ဘာများများပါဝင်သည့် အစာများကို ရွေးစားပါ။ ဥပမာ – Cereals၊ အသီးများ၊ အခွံမာသီးများ၊ အခြောက်အခြမ်းပြုလုပ်ထားသောပဲများ၊ အစေ့များ၊ ဟင်းသီးဟင်းရွက်များ

ငါးနှင့်ပင်လယ်စာအမျိုးမျိုးကိုလည်း စားသုံးပေးနိုင်ပါတယ်။ ငါးကိုမကြော်ဘဲ ပြုတ်၊ ကင်၊ ဖုတ်စားဖို့လိုအပ်ပါတယ်။ ကြက်ဥ၊ ဘဲဥစားလျှင် ကိုလက်စထရောများသည့် အလည်သားအဝါနှစ်ကို ရှောင်ပါ။ ထို့အပြင် အဆီပါဝင်နှုန်းနည်းပါးသည့် အသားများကို စားရန်လည်းအရေးကြီးပါတယ်။ ကော်ဖီနှင့်လဘက်ရည်များများ မသောက်မိရန်နှင့် သောက်ပါကလည်း သကြားနည်းနိုင်သမျှ နည်းနည်းပဲထည့်ပါ။