နနွင်းက အရာရာတိုင်းပေါ်မှာ အဝါရောင်စွန်းထင်းကျန်ခဲ့စေနိုင်ပေမယ့် သွားလေးများကို သဘာဝအတိုင်း ပြန်လည်ဖြူဖွေးလာအောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးအရာတစ်ခုဖြစ်ပါတယ်။

သွားတွေကျိန်းစပ်ခြင်း၊ သွားကိုက်ခြင်း၊ ပိုးစားခြင်းတို့အတွက် နနွင်းကအလွန်ကောင်းပါတယ်။ ဒါကြောင့် ယခုတစ်ခါမှာ နနွင်းအပါအဝင် တခြားအစွမ်းထက်ပါဝင်ပစ္စည်းတွေကိုပါ ရောစပ်ပြီး သွားလေးတွေဖြူလာအောင် လုပ်ဆောင်နိုင်မယ့် အိမ်တွင်းနည်းလမ်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

နနွင်းမှုန့်

မုန့်ဖုတ်ဆိုဒါ

အုန်းဆီ

ပန်းကန်လုံး

ဇွန်းတစ်ချောင်း

တိုင်းတာတဲ့ဇွန်းများ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အော်ဂန်းနစ် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်းကို တိုင်းတာပြီး ပန်းကန်လုံးထဲထည့်ပေးပါ။

၂။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကိုလည်း ထည့်ပါ။

၃။ နောက်ထပ် အော်ဂန်းနစ် အုန်းဆီစစ်စစ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းကိုလည်း ရောပေးပါ။

၄။ ဇွန်း သို့မဟုတ် ခက်ရင်းကို အသုံးပြုပြီး သမအောင် မွှေပေးပြီးရင် အသုံးပြုနိုင်ပါပြီ။

ဘယ်လိုအသုံးပြုရမလဲ

ရရှိလာတဲ့ နနွင်းသွားဖြူဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သွားပွတ်တံပေါ် တင်လိုက်ပါ။

၂ မိနစ်ကြာ ညှင်သာစွာ သွားတိုက်ပေးပါ။

ပြီးသွားလျှင် အရည်ဖျော်ထားသည့် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပါးစပ်အတွင်း နောက်ထပ်တစ်မိနစ်ကြာ ပလုတ်ကျင်းပေးပြီး ထွေးထုတ်လိုက်ပါ။

ထို့နောက် ရေနှင့်ပလုတ်ကျင်းပါ။

ယခုနည်းလမ်းကို တပတ်လျှင် မကြာခဏလုပ်ပေးပြီး ရက်သတ္တပတ်အနည်းငယ်လောက်ပြုလုပ်ပေးပြီး ကြာသွားလျှင်တော့ တပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာလုပ်ဆောင်ပေးနိုင်ပါတယ်။

နနွင်းကို အသုံးပြုထားသည့်အတွက် ပါးစပ်အတန်ငယ်စွန်းထင်းတာမျိုး ဖြစ်လာနိုင်သည့်အတွက် သွားတိုက်တဲ့အခါ အထူးသတိထားပါ။ အသားအရေမှ အဝါရောင်အစွန်းအထင်းတွေကို ဖယ်ရှားဖို့ နို့ကို ၅ မိနစ်ကြာသုတ်လိမ်းပေးပြီး ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။