ကိုလက်စထရောဆိုတာဟာ သွေးအတွင်းမှာတွေ့ရှိရတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုအတွက်တော့ ထိုကိုလက်စထရောများက ခန္ဓာကိုယ်အတွက် ကောင်းမွန်လိုအပ်ပေမယ့်လည်း အတိုင်းထက်အလွန်ဖြစ်လာရင်တော့ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်လာရအောင် ကိုလက်စထရောကို လျှော့ချရာမှာ အသုံးဝင်မယ့် ဖျော်ရည်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်းများ

ပန်းသီး – ၂ လုံး

သခွားသီး – ၁ လုံး

ဂျင်း – လက်မအရွယ်တစ်စိတ်

သံပုယိုသီး – ၁ လုံး

ပြင်ဆင်ပုံ

၁။ အတုံးလေးတွေလှီးထားသည့် ပန်းသီးတွေကို အရည်ညှစ်စက်ထဲထည့်ပါ။

၂။ အခွံခွားပြီးသား သခွားသီးကိုလည်း အရည်ညှစ်ရအောင် ထည့်ပေးပါ။

၃။ ဂျင်းကိုလည်း ပေါင်းထည့်ပြီး အရည်ညှစ်ပေးပါ။

၄။ ခွက်ထဲပြောင်းထည့်ပြီး သံပုယိုသီးတခြမ်း အရည်ညှစ်ထည့်ပါ။

ပိုမိုကောင်းမွန်တဲ့ရလဒ်တွေအတွက် တစ်နေ့လျှင် ၂ ကြိမ် သောက်သုံးပေးပါ။

နည်းလမ်း (၂)

ပါဝင်ပစ္စည်းများ

လိမ္မော်သီး – ၂ လုံး

သစ်တော်သီး – ၂ လုံး

ဂျင်း – လက်မအရွယ်တစ်စိတ်

ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ပန်းသီးရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံအဆင့်များ

၁။ လိမ္မော်သီးတွေကို အခွံခွာပြီး စက်ထဲထည့်ကာ အရည်ညှစ်ပါ။

၂။ သစ်တော်သီးများကိုလည်း ရောထည့်ပြီး အရည်ညှစ်ပါ။

၃။ ဂျင်းအစိတ်ကိုပါ ပေါင်းထည့်ကာ အရည်ရအောင် ညှစ်ပေးပါ။

၄။ ရလာတဲ့အရည်ကို ခွက်ထဲပြောင်းထည့်ကာ ပျားရည်၊ ပန်းသီးရှာလကာရည်တို့လောင်းထည့်ပါ။

တနေ့လျှင် ၂ ခွက်မှ ၃ ခွက်ကို နေ့စဉ်နေ့တိုင်း သောက်သုံးနိုင်ပါတယ်။ ပိုမိုထိရောက်သောရလဒ်များအတွက် မနက်စာမစားခင် တခွက်သောက်သုံးပေးပါ။

Credit: Top10HomeRemedies