ဂျင်းကို ကမ္ဘာတစ်ဝှမ်းက အိမ်ထောင်စုတစ်ခုစီတိုင်းရဲ့ မီးဖိုချောင်တွေမှာ အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ ကွဲပြားခြားနားတဲ့ သင်းရနံ့နဲ့ အရသာတို့က အမျိုးမျိုးသော ဟင်းလျာတို့ကို ပိုပြီးထူးခြားသွားစေပါတယ်။

ဗီတာမင်အေ၊ စီ၊ အီး နှင့် B-complex တို့အပြင် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဇင့်၊ ကယ်လ်စီယမ်နှင့် beta-carotene တို့ကို ဂျင်းတွင်ပါဝင်သဖြင့် ကျန်းမာရေးပြဿနာတွေကို ကာကွယ်ကုသမှုတွေ လုပ်ပေးနိုင်ပါတယ်။

ဂျင်းကို ပုံစံအမျိုးမျိုးနဲ့ စားသုံးပေးနိုင်ပေမယ့်လည်း ရေနွေးကြမ်းအနေနဲ့ သောက်သုံးပေးခြင်းက အဖက်ဖက်မှ ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဂျင်းရေနွေးကြမ်းလုပ်နည်းလေးနှင့်အတူ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ဂျင်း – ၆ စိတ် (ပါးပါးလှီးပြီးသား)

စစ်ပြီးသား ရေ – ၂ ခွက်

သံပုယိုရည် – အနည်းငယ်

ပြင်ဆင်ပုံ

၁။ စစ်ပြီးသား ရေ ၁ ခွက်နှင့် ၁ ဝက်ကို ပွက်အောင်တည်ပါ။

၂။ ဂျင်းစိတ်များကို ထည့်ပါ။

၃။ အဖုံးအုပ်ပြီး ၁၀ မိနစ်တည်ပေးပါ။

၄။ အချိန်ပြည့်လျှင် ဂျင်းဖတ်များကိုဖယ်ပြီး ရေစစ်ပေးပါ။

၅။ ကိုယ်ကြိုက်နှစ်သလောက် သံပုယိုရည်ညှစ်ထည့်ပါ။

၆။ ထမင်းစားဇွန်း ၂ ဇွန်းခန့်ရှိ ပျားရည်ကိုလည်း ပေါင်းထည့်ပါ။

၇။ သေချာနှံ့အောင်မွှေပြီးရင် ဂျင်းရေနွေးကြမ်း ပူပူလေးတစ်ခွက် ရရှိပါပြီ။

အကျိုးကျေးဇူးများ

၁။ သွေးလည်ပတ်မှု အားကောင်းစေခြင်း

၂။ နာကျင်မှုဝေဒနာတွေကို ကုသပေးခြင်း

၃။ ဓမ္မတာလာစဉ် ခံစားရမှုများကို ဖြေဖျောက်ပေးခြင်း

၄။ မအီမသာဖြစ်တာကို သက်သာစေခြင်း

၅။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကို တိုက်ထုတ်ပေးခြင်း

၇။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း

Credit: top10homeremedies