ဆီးချိုရောဂါဆိုတာကတော့ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ ပြောလို့ရပါတယ်။ မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ရမှာ ဖြစ်ပေမယ့်လည်း တကယ်တမ်း ဆီးချိုရောဂါဖြစ်လာပြီဆိုရင်တော့ သေချာဂရုစိုက်ပေးဖို့လိုလာပါပြီ။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေ သိထားဖို့လိုတဲ့ ဆောင်ရန် ရှောင်ရန်အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ ဆောင်ရမယ့်အရာများ

ကာဗိုဟိုက်ဒြိတ်နဲ့ ကယ်လိုရီပါဝင်မှုနည်းတဲ့ ခရမ်းချဉ်သီး၊ ချဉ်ပေါင်ရွက်၊ ဂွေးတောက်ရွက်၊ ရွက်ရိုရွက်၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး စတာတွေကို များများစားပေးရပါမယ်။ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့အမျိုးမျိုး၊ ဂျုံအမျိုးမျိုးနဲ့ ဆန်လုံးညိုစတာတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လိုရီတွေကို များများပေးနိုင်လို့ သင့်တင့်စွာစားသောက်ပေးဖို့ လိုပါတယ်။

Source: www.megachudnutie.sk

အသီးအနှံတွေကိုစားသုံးတဲ့အခါမှာတော့ အရည်ရွှမ်းပြီး အချဉ်ဓာတ်များတဲ့ ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ကမ္ဗလာသီး စတာတွေကို များများစားပေးပါ။ အချိုဓာတ်နည်းပြီး အရည်ရွှမ်းတဲ့ သစ်တော်သီး၊ ပန်းသီး၊ သင်္ဘောသီးနဲ့ စပျစ်သီးစတာတွေကို နေ့တိုင်းစားပေးရင် ပိုကောင်းပါတယ်။

Source: www.medicalnewstoday.com

ဆီးချိုရောဂါရှိတဲ့သူတွေဟာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစား၊ လေ့ကျင့်ခန်းတွေကို များများလုပ်ပေးဖို့ လိုပါတယ်။ လမ်းများများလျှောက်ပေးပါ။ စိတ်ကိုအတတ်နိုင်ဆုံး ပျော်အောင်နေပါ။ စိတ်ဖိစီးမှုတွေမရှိအောင် ဂရုစိုက်ပေးပါ။

Source: www.fitnesssolutionsplus.ca

ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ ရှောင်ရမယ့်အရာများ

ဆီးချိုရောဂါရှိတဲ့သူတွေဟာ အစားအသောက်စားတဲ့အခါမှာ ကစီဓာတ်များတဲ့ ကောက်ညှင်း၊ ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ အာတာလွတ်ဥ၊ ပဲမြစ်၊ ထန်းမြစ်၊ ပိန်းဥ စတာတွေကို ရှောင်ပေးရပါမယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ အချိုရည်နဲ့ အချိုဓာတ်များတဲ့ သကြား၊ သကြားလုံး၊ ယိုအမျိုးမျိုးနဲ့ အချိုမုန့်အမျိုးမျိုးကိုလည်း အထူးရှောင်ကြဉ်ပေးရပါမယ်။

Source: www.huffingtonpost.com

ကယ်လိုရီပမာဏများတဲ့ စားသုံးဆီတွေကိုလည်း အလွန်အကျွံမစားသောက်မိအောင် ဂရုစိုက်ပါ။ ဆီးချိုသမားတွေအတွက် ထုတ်ထားတဲ့ အစားအစာတွေရှိပေမယ့်လည်း တန်ဆေးလွန်ဘေးပါ။ သင့်တင့်ရုံလောက်ပဲစားပေးသင့်ပါတယ်။ အလွန်အကျွံမစားမိပါစေနဲ့။ ယောင်္ကျားလေးတွေအနေနဲ့ကတော့ အရက်၊ ဆေးလိပ်နဲ့ ကွမ်းယာကို ဖြတ်ရပါမယ်။

Source: www.upi.com