အမေရိကမှာ ကိုယ်ဝန်ဆောင် ၁၄% ကနေ ၂၃% အထိ အဲလိုပဲ ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ဓါတ်ကျတာ ခံစားကြရပါတယ်။ စိတ်ဓါတ်ကျတယ်ဆိုတာ စိတ်မူပြောင်းလဲခြင်း စိတ်ရောဂါတမျိုးဖြစ်တယ်။ စိတ်မူပြောင်းလဲခြင်း စိတ်ရောဂါဆိုတာ ဇီဝဖြစ်စဉ်အရဖြစ်တာ။ ဦးနှောက်ဓါတုဗေဒအပြောင်းအလဲဖြစ်လို့ပါ။ တခြား စိတ်ရောဂါတွေလို မဟုတ်ပါ။ အမျိုးသမီး ၄ ယောက်မှာ ၁ ယောက် ဘဝတလျှောက်မှာ တကြိမ် အဲလိုခံစားကြရတယ်။ အားပေးစကာရယ်လို့သာ မထင်ပါနဲ့ ဆေးပညာအရ အဲလိုဖြစ်လို့ မိခင်လောင်းအတွက်ရော အထဲကကလေးပါ စိုးရိမ်စရာမရှိကြပါ။

• Persistent sadness အစဉ်လိုလို ဝမ်းနည်းနေမယ်။

• Difficulty concentrating တခုခုကိုအာရုံစိုက်ရတာ ခက်ခဲမယ်။

• Sleeping too little or too much အိပ်ရေးပျက်မယ်။ ဒါမှမဟုတ် အိမ်နေချင်မယ်။

• Loss of interest in activities that you usually enjoy အရင်ကဝမ်မြောက်စရာ ပျော်စရာမျိုးမှာ ဝမ်းမြောက်ဝမ်းသာ မဖြစ်။

• Recurring thoughts of death, suicide, or hopelessness သတ်သေချင်စိတ်၊ မျှော်လင့်ချက်ကင်းမဲ့နေတဲ့စိတ် ဝင်မယ်။

• Anxiety စိုးရိမ်စိတ်ကဲလွန်နေမယ်။

• Feelings of guilt or worthlessness အပြစ်လုပ်မသလို ထင်မှတ်နေမယ်။

• Change in eating habits အစားအသောက်အကျင့်ပြောင်းမယ်။

ဒီလိုအချက်တခုတလေကနေ စေ့ဆော်တတ်တယ်။

• Relationship problems ဆက်ဆံရေးအဆင်မပြေမှု၊

• Family or personal history of depression မိသားစုထဲမှာ စိတ်ကျရောဂါရှသူရှိခြင်း၊

• Infertility treatments ကလေးမရသေးလို့ ကုသနေရခြင်း၊

• Previous pregnancy loss အရင်ကိုယ်ဝန် ဆုံးရှုံးဘူးခြင်း၊

• Stressful life events စိတ်ဖိအားများစရာလူမှုဘဝ၊

• Complications in pregnancy မူမမှန်မဟုတ်တဲ့ကိုယ်ဝန်၊

• History of abuse or trauma မတရားမှုခံထားရတဲ့ရာဇဝင်၊

ကုသမှုတော့ ရယူသင့်တယ်။ မဟုတ်ရင် မိခင်ရော ကလေးအတွက်ပါ သတိထားစရာတွေရှိလာနိုင်တယ်။ ဆောရီး။ အစားအသောက်ပျက်ရာကနေ အာဟာရချို့တဲ့မယ်။ သတ်သေဘို့ကြိုးစားရာကနေ ထိခိုက်ဒဏ်ရာရနိုင်တယ်။ ကလေး စောမွေးနိုင်တယ်။ ဖွံ့ဖြိုးမှုနှေးစေနိုင်တယ်။ ကိုယ့်ကိုယ်ကိုရော ကိုယ်ဝန်ကိုပါ ဂရုမထားဖြစ်တတ်တယ်။ မွေးလာတဲ့ကလေး တက်ကြွမှုနည်းတတ်တယ်။ စိတ်ကျရောဂါတော့ မဖြစ်စေပါ။

ကုသနည်းများ

• Support groups အထောက်အကူအဖွဲ့တွေ (မှန်ကန်တာဖြစ်ရပါမယ်။ ဂရုတွေကနေ မေးကြတာတွေအရ အရပ်နည်းတွေ၊ မမှန်ကန်တာတွေကို အကြံပေးနေကြတာတွေ့မိတယ်။)

• Private psychotherapy တဦးချင်းစိတ်ကုသမှုခံယူခြင်း၊

• Medication ဆေး၊

• Light therapy အလင်းရောင်ကုထုံး။

စိတ်ကျရောဂါအတွက်သုံးတဲ့ဆေးတွေ သုံးသင့်သလား ဆရာဝန်တွေက ဆွေးနွေး ငြင်းခုန်နေကြပါတယ်။ သက်သာစေတာလည်းတွေ့တယ်။ တချို့မှာ ဘေးထွက်သက်ရောက်မှုဖြစ်စေတယ်။ နည်းနည်းသာဖြစ်သလား ဆိုးသလားအပေါ်မူတည်ပြီး ကုသနည်းရွေးရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း၊ တရားထိုင်နည်း၊ အနားယူနည်း၊ အပ်စိုက်နည်း၊ ဟာဗယ်ဆေး၊ အိုမီဂါ-သရီးဆေး၊ စတာတွေကိုကြိုးစားနိုင်ပါတယ်။

မွေးပြီးမှ စိတ်ကျရောဂါဖြစ်တာကတမျိုးရှိသေးတယ်။ မွေးပြီး ပြန်ကောင်းလာမယ်။ စိတ်ကိုအပြုသဘောထား ကံတရားကိုလည်း အားကိုးပါလေ။ လပိုင်းလေးသာ ကြာပါမယ်။