တစ်နှစ်ပတ်လုံးတွင် နှစ်ကြိမ်မှ လေးကြိမ်အထိ အအေးမိဖျားနာဖြစ်ပေါ်တတ်ပါတယ်။ အအေးမိတာအတွက် ကုသပေးနိုင်တဲ့နည်းလမ်းတွေ ရှိပေမယ့်လည်း ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ အကယ်၍ အအေးမိသွားပြီဆိုလျှင်တော့ ဖျားနာသည့်အချိန်ကို လျော့နည်းစေပြီး ပြန်လည်သက်သာလာစေနိုင်ရန် အချို့သောအစားအသောက်များက ကူညီပေးနိုင်ပါတယ်။ သစ်သီးဖျော်ရည်များသည် လည်ပင်းနာခြင်းကို သက်သာစေကာ ကိုယ်ခံအားကောင်းမွန်ရန် လိုအပ်သည့် အာဟာရဓာတ်များကို ထောက်ပံ့ပေးနိုင်ပါတယ်။

သစ်သီးဖျော်ရည်၏အခြေခံအချက်များ

နေမကောင်းဖြစ်ချင်သလို ခံစားရသည့်အချိန်မှာတောင် သစ်သီးဖျော်ရည်များကို သောက်သုံးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်သည့်အသီးမျာကို ရွေးချယ်ပြီးလျှင် အခြားအရောအနှောများ၊ ရေခဲဖြင့် ပေါင်းစပ်ပြီး ရရှိလာတဲ့ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် လည်ပင်းတစ်လျှောက်အေးမြတဲ့ အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။

သစ်သီးများ၏အခြားအချက်များ

သာမန်အအေးမိတာကို ကာကွယ်ရန်အတွက် ဗီတာမင်စီသည် ထိထိရောက်ရောက်ကာကွယ်နိုင်သည်မဟုတ်သော်လည်း ဖြစ်ပွားသည့်အချိန်ကိုတော့ လျော့နည်းသွားစေနိုင်ပါတယ်။ အနက်ရောင်ဘယ်ရီသီးများ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ကီဝီ၊ သဘော်သီး၊ သရက်သီးနှင့် နာနတ်သီးတို့သည် ဗီတာမင်စီအလွန်ကြွယ်ဝပါတယ်။

အစိမ်းရောင်အသီးအရွက်များထပ်ပေါင်းထည့်ခြင်း

အသီးဖျော်ရည်များတွင် အစိမ်းရောင်အရွက်များထပ်ပေါင်းထည့်ခြင်းသည် antioxidant ပမာဏကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ ကိုက်လန်သည်သစ်သီးဖျော်ရည်များတွင် ထည့်သွင်းရန်အလွန်ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

နောက်ထပ်ထည့်ပေါင်းမှုများ

အပူပိုင်းရှိလူများအတွက် လိမ္မော်သီးဖျော်ရည်နှင့်အုန်းရည်၊ သရက်သီး သို့မဟုတ် သဘောၤသီးနှင့်နာနတ်သီး၊ ရေခဲ တို့အပြင် ထောင်းကြိတ်ထားသည့် ဂျင်း ကိုထည့်သွင်းခြင်းသည် ချောင်းဆိုးမှုနှင့်လည်ပင်းနာကျင်မှုကို သက်သာစေနိုင်ပါတယ်။