ကလေးတွေက အဆော့မက်နေတာကြောင့် နေ့လည်စာ ထမင်းဗူးကို ကုန်အောင်မစားတာ၊ ကျောင်းဈေးတန်းက အဟာရ မရှိတဲ့ မုန့်တွေ စားနေတာကြောင့် နေ့လည်စာ ကို မစားတာတွေကို မိခင်အများစု ကြုံတွေ့ရတဲ့ အတွေ့အကြုံတစ်ခုပါ။

ကလေးတွေ နေ့လည်စာ ကောင်းကောင်းမစားတာက အရေးမကြီးပါဘူးလို့ တွေးထင်နေသူတွေ ရှိပါလိမ့်မယ်။

3

  • အဟာရရှိတဲ့ နေ့လည်စာ မစားခြင်း၏ နောက်ဆက်တွဲပြသနာများ

အဟာရရှိတဲ့ နေ့လည်စာကို မစားတဲ့ ကလေးတွေမှာ အာရုံစူးစိုက်နိုင်မှုတွေ လျော့ကျလာပါမယ်။ နေ့လည်စာ ထမင်းစားချိန်အပြီး ကျောင်းပြန်တက်ချိန်မှာသင်တဲ့ သင်ခန်းစာတွေမှာ နားလည်ဖို့ ပိုခက်လာပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ သကြားဓာတ်တွေနည်းလာပြီး တခါတလေ ခေါင်းကိုက်တာတွေဖြစ်လာမယ်၊ အာရုံမစိုက်ချင်တာ၊ မူးဝေေ၀တွေ ဖြစ်လာတတ်ပါတယ်။

တကယ်လို့ နေ့လည်စာ စားတဲ့အချိန်မှာ ရေ ဒါမှမဟုတ် တစ်ခုခု မသောက်သုံးရင် ရေဓာတ်တွေ ခမ်းခြောက်လာပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်လာရင် ခေါင်းကိုက်တာတို့၊ ပင်ပန်းနွမ်းနယ်တာတို့ ခံစားရပါလိမ့်မယ်။

နေ့လည်စာ ကောင်းကောင်းမစားဖြစ်တဲ့ ကလေးတွေက အသင့်စား ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆာပြေ မုန့်တွေ စားဖို့ အခွင့်အလမ်းပိုများသွားပါတယ်။ ဒါတွေက ကလေးတွေကို အဟာရမဖြစ်ရုံသာမက ကိုယ်အလေးချိန်ကိုလည်းမြင့်တက်စေပါတယ်။

Boy_with_lunchbox

အဟာရပြည့်ဝတဲ့ နေ့လယ်စာ

အထူးသဖြင့် မြန်မာနိုင်ငံလို ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံ၊ အခန်းတစ်ခန်းမှာ ကျောင်းသား အယောက် ၆၀ လောက် ပညာသင်ယူနေရတာကြောင့် အသား၊အရွက်၊ ထမင်း၊ အသီး၊ နွားနို့ (သို့) MILO၊ ရေ စတဲ့ အဟာရပြည့်ဝတဲ့နေ့လည်စာကို ထည့်ပေးသင့်ပါတယ်။ ဒါမှသာ ရာသီဥတုဒဏ်ရော၊ စာသင်ခန်းမှာ ကျောင်းသားတွေ စုပုံပြီးသင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေရော၊ သင်ခန်းစာရဲ့ ဖိအားတွေကိုပါ ခံနိုင်မှာဖြစ်ပါတယ်။

images

အချိန်မရလို့ အသားညှပ်ပေါင်မုန့်ဘဲ ထည့်ပေးရင်တောင် ဆိုင်က ၀ယ်တဲ့ အသားညှပ်ပေါင်မုန့်မဟုတ်ဘဲ ကိုယ်တိုင်အိမ်မှာ လုပ်ပေးစေချင်ပါတယ်။

အသားညှပ်ပေါင်မုန့်၊ အသီးအရွက်၊ နွားနို့ သို့ MILO တို့စုံလင်စွာ ထည့်ပေးမှ ပရိုတင်း၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ် စသဖြင့် အဟာရပြည့်ပြည့်၀၀ ရရှိမှာဖြစ်ပါတယ်။

1

အဆာပြေမုန့်

အကယ်၍ ကိုယ့်ကလေးက အဆာပြေမုန့်တွေ စားတတ်တဲ့ကလေးဆိုရင် ဒိန်ချဉ်၊ သကြားဓာတ်နည်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကွတ်ကီး၊ အလွယ်တကူစားလို့ရတဲ့ အသီးအနှံတွေ၊ အသီးခြောက်၊ အခွံမာသီးတွေ စတာတွေကို ထည့်ပေးလို့ရပါတယ်။ သောက်ရေကို ရေတစ်ဗူးအပြည့်ထည့်ပေးဖို့လည်း မမေ့နဲ့ဦးနော်။

DSC08949-300x200

MILO

နေ့လည်စာ ထမင်းဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ မိုင်လိုက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။